အဝေးက ပေးစာတစောင်

၂၀၀၈ခုနှစ၊ မတ် ၂၃။
ကိုဟိုဒင်းရေ -
စိုင်းထီးဆိုင်တယောက် ဆုံးရှာပြန်ပါရော့လားဗျာ။ တနေ့ကပဲ ကျနော်နဲ့မိတ်ဆွေတယောက်နဲ့ အီးမေးလ်အပြန်အလှန်ရေးကြရင်း
တကယ့်ဂီတ အနု ပညာသည်စစ်စစ်ဖြစ်တဲ့သူက - ဂီတလုလင်မောင်ကိုကိုဆုံးသွားတာ။ ဘယ်သူမှဂုဏ်ပြုစာမရေးကြဘူး။ ပြည်တွင်းမှာလည်း မရေးကြဘူးလို့ ၀မ်းနည်းဒေါသနဲ့ပြော ပါတယ်။ ကျနော်ကလည်း သူ့ခံစားမှုကိုကိုယ်ချင်းစာမိတာနဲ့ ငိုင်ကျသွားမိတယ်။ ဟုတ်တယ်ဗျာ။ သူနဲ့မတိမ်းမယိမ်းကွယ်လွန်ကြတဲ့ အေ၀မ်းစိုးမြင့်။ ကိုလေးညွန့် စသဖြင့် အစားထိုးမရတဲ့ပညာရှင်တွေ ကွယ်လွန်တာဟာလည်းတကယ်ကို ၀မ်းနည်းစရာပဲ။ ကျနော့်ခေါင်းထဲမှာ (ရင်ထဲမှာလို့လဲ ဆိုနိုင်ပါတယ်) သူတို့ကို ဂုဏ်ပြု တဲ့ ဆောင်းပါးလေးတစောင်လောက် ရေးချင်လိုက်တာလို့ ပေါ်ပါတယ်။ ဒါပေမဲ့ ကိုယ်ကသူတို့အကြောင်းကို သူများတကာထက် ပိုသိတာလဲမဟုတ်၊ သူတို့ပညာ ကိုလဲ လိုက်မီတာမဟုတ်ပဲနဲ့။ ရေးလိုက်ပါမှ ယောအတွင်းဝန်ဦးဘိုးလှိုင်ရဲ့စာကို ငတာက ချီးကျူးတာမျိုးဖြစ်နေမှာစိုးလို့ မရေးခဲ့ဘူးလို့ အဲဒီမိတ်ဆွေကို ပြန်ပြော လိုက်မိပါတယ်။ အခုတော့သူတို့နောက်ကို ထက်မြက်တဲ့ ဂီတာပညာရှင်နောက်တယောက် လိုက်သွားပါပြန်ကောလားဗျာ။
သူကွယ်လွန်တဲ့သတင်းကို ကျေညာပြီးနောက် ရေဒီယိုတွေကနေသူ့ရဲ့ ‘နေရစ်တော့ကွယ်၊ သွားတော့မယ်’ ဆိုတဲ့ သီချင်းလေး ဖွင့်ပေးတော့ ကျနော် ဖြင့်မျက်ရည်ကျလုတဲတဲ ငေးနေမိ။ ပြန်သတိရနေမိတယ်။ သတိရဆို ကျနော့်ဘ၀ရဲ့အကြီးမားဆုံး အပြောင်းအလဲကြီးတခု ဖြစ်ပေါ်နေတုန်းမှာ ကျနော့်ရဲ့ဘ၀ အတွင်းဝင်ရောက်လာတဲ့ သီချင်းများနဲ့တေးသံရှင်ပေကိုး။ ဘယ်လိုမှ မေ့မရတဲ့ နေ့ရက်များနဲ့ မေ့မရတဲ့သီချင်းများလေ။ လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က။
ခင်ဗျားလည်းသိတဲ့အတိုင်းပဲ ကျနော့်လူငယ်ဘ၀ဟာ သာမန်လူ့လောကမှာတယ်ပြီးနေရတာမှမဟုတ်တာ။ ထောင်ထဲနဲ့ တောထဲမှာဖြတ်သန်းရတဲ့ ကာလကပိုများတဲ့ဥစဏာ။ ဒီလိုနဲ့ တခါတော့ခင်ဗျားတို့ သိကြတဲ့အတိုင်း ပစ္စ န္တရစ်အရပ်မှာ ကျနော်ကာလ တခုသွားနေလိုက်ရတယ်။ အဲဒီကပြန်ရောက်လာတော့ အင်းစိန်ထောင်ထဲရောက်တယ်။ အဲဒီအချိန်ကျမှ ခေတ်ပေါ်စတီရီယိုတေး တွေကိုကြားရတာကိုးဗျ။ ထောင်ပြင်ကနေ လွင့်ပျံလာတဲ့လော်သံတွေကပေါ့။ ကျနော် ဖြင့် ဟာ - ငါ့နားများမှားတာလား။ ဘာသာခြား သီချင်းတွေ လွင့်နေတာလား။ ဂီတကလည်း ဆန်းချင်တိုင်းဆန်း။ စာသားတွေကလည်း မပီပဲကိုးဗျ။ ယဉ်ကျေးမှု ချင်း ဆောင့်မိတာလို့ ဆိုရမလားမသိပါဘူး။ ခေါင်းကိုချာလပတ်လည် ရမ်းသွားတာပဲ။ အဲဒီနောက် အိမ်ပြန်ရောက်မှ နှမနဲ့ညီကိုမေးကြည့်ပြီး သူတို့ ပြောပြလို့သိရ တယ်။ အော် - ဒါစတီရီယိုတေး ဆိုတာတဲ့လားပေါ့။ နို့ပေမဲ့ ကိုယ့်နားနဲ့စိမ်းလွန်းလို့ ကျနော်က အလှမ်းဝေးဝေး မှာပဲနေလိုက်မိတယ်။ တပုဒ်မှ စိတ်မ၀င်စားခဲ့ဘူး။ ဒါပေမဲ့ အဲဒီအထဲမှာ ထူးထူးခြားခြားချွန်ထွက်နေတဲ့ သီချင်းတပုဒ်ကိုတော့ သတိထားလိုက်မိတယ်။ အဲဒါက မနက်ကနေ နေ၀င်အထိ ဆိုရမလောက်နီးပါး ကြားနေရတဲ့သီချင်းက “မန္တလေးရောက်ရှမ်းကလေး တယောက်” ဆိုတဲ့သီချင်း။
အဲဒီနောက်တော့ ကျနော်အိမ်ကိုစွန့်ခွာရရော။ မိဘမောင်နှမနဲ့ ဆွေမျိုးမိတ်ဆွေတွေကို ခွဲခွာရရော။ ရှမ်းပြည်နယ်က တောင်တန်းတွေပေါ် ရောက် သွားတယ်။ ရှမ်း၊ ပအို့၊ တောင်သူ၊ လီရှော၊ အင်းသား၊ ဓနုစတာတွေ နေထိုင်တဲ့တောင်တန်းတွေ၊ လွင်ပြင်တွေမှာပေါ့ဗျာ။ အိုးစည်သံ။ လင်းကွင်းသံတွေမြိုင်လှတဲ့။ အဲ - မဟုတ်ဘူးဗျ။ အိုးစည်သံ - လင်းကွင်းသံဆိုတာက ပွဲလမ်းကျမှကြားရတာ။ ၀ါတွင်းဆွမ်းကပ်ဖို့ အဖိတ်နေ့မှာလည်းကြားရတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အများဆုံးကြားရတာဟာ စိုင်းထီးဆိုင်နဲ့ စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေပဲဗျို့။ ဘယ်နေရာရောက်ရောက၊ ဘယ်လူမျိုးတွေအကြားရောက်ရောက် ကာလသား။ ကာလသမီးတွေဟာ ကက်ဆက်ပါလာသူကို စိုင်းထီးဆိုင်နဲ့စိုင်းမော်ဝ်တို့ရဲ့ သီချင်းတွေဖွင့်ခိုင်းကြတာပဲ။ လားရှိုးသိန်းအောင်တို့ ဘာတို့လည်းကြိုက်ကြပါရဲ့။ ဒါပေမဲ့ ဒီနှစ်ယောက်၊ အထူးသဖြင့် စိုင်းထီးဆိုင်လောက်ပေါ်ပြူလာဖြစ်တာ ဘယ်သူ့မှမတွေ့ရပေါင်ဗျာ။
ပအို့အမျိုးသားတွေမှာ အပျိုလည်တယ်ဆိုတဲ့ ဓလေ့ရှိတာကိုးဗျ။ အပျိုလည်တယ်ဆိုတာ ထူးထူးခြားခြားတော့မဟုတ်ပါဘူး။ တနေ့လုံး သနပ်ဖက်ခြံ။ ကြက်သွန်ခင်းထဲမှာ အလုပ်လုပ်ကြပြီးတဲ့နောက် ညမှာအပျိုလေးတွေရှိတဲ့အိမ်တွေကိုသွားပြီး မီးဖိုရှေ့မှာထိုင်၊ လေကန်ကြတာကိုးဗျ။ မီးဖိုဆိုတာက အိမ်ရဲ့အဓိက အခန်း။ ဧည့်ခန်းကြီးထဲမှာရှိတာပါ။ နောက်ပြီးကာလသားနဲ့ ကာလသမီး တယောက်ချင်းစကားပြောတာမျိုး မဟုတ်ပါဘူး။ အိမ်ရှင်အပျိုကလာသမျှ ကာလသားကို ဧည့်ခံစကားပြောရတာပါ။ ပြောတာက တဖက်ကအလုပ်လုပ်ရင်း တဖက်ကပြောတာပါ။ ဥပမာကြက်သွန်ချိန်ဆိုရင် ကြက်သွန်မျိုးတွေကို စိုက်ဖို့အတွက် ဥတွေက နေ အမြှောင်းတွေအဖြစ်ချွေကြရတယ်။ အိမ်ရှင်မိန်းကလေးက သူ့အိမ်ကမျိုးတွေကိုချွေ။ လာတဲ့ကာလသားတွေကလည်း ကိုယ်ယူလာတဲ့ ကိုယ့်အိမ်ကကြက်သွန် မျိုးတွေကိုချွေ။ အဲဒီလိုလေကန်ကြတာပဲဗျ။ အဲ။ ထူးခြားတဲ့ထုံးစံတခုက ကာလသားတွေက ကောင်မလေးတွေကို နင်ငါ့ကိုကြိုက်သလားလို့မေးရင် ကြိုက်တယ်လို့ ပြန်ဖြေရတယ်ဗျ။ မကြိုက်ဘူးလို့မဖြေရဘူး။ ဒါပေမဲ့ဒီလိုစကားဝိုင်းမှာ ပြောတာကို ဘယ်သူမှအတည်မယူရဘူးလေ။ သူတို့ထုံးစံပဲ။ ခုနကပြောနေတာနဲ့ ပြန်ဆက် ရရင် အဲဒီလိုအပျိုလည်ကြရာမှာ တတ်နိုင်တဲ့ကာလသားများက ကက်ဆက်လေးတွေ သယ်သွားကြတာကိုးဗျ။ ပြီးမှအပျိုရှေ့မှာဖွင့်ပြ။ နားထောင်ကြ။ ထင်မြင် ချက်ပေးကြပေါ့လေ။ ဒါကြောင့် သူတို့ရဲ့ကြက်သွန်ထည့်တဲ့ ပလိုင်းတွေထဲမှာ ကက်ဆက်ခွေတွေနဲ့ ဓာတ်ခဲအသစ် အဟောင်း။ တပတ်ရစ်၊ ဓာတ်ခဲ မျိုးစုံပါလာ တတ်သဗျ။ လက်တဖက်မှာတော့ လက်နှိပ်ဓာတ်မီးပေါ့ဗျာ။ မိုးရွာရွာ။ နှင်းကျကျအဲဒီစတိုင်က မပျောက်ဘူးဗျ။ အဲဒီလို ညတွေမှာ ဖွင့်တဲ့သီချင်းတွေကတော့ စိုင်းထီးစိုင်၊ စိုင်မောဝ်တို့ရဲ့ ဟာတွေပေါ့ဗျ။
ကျနော်က။ အဲဒီတုန်းကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့နဲ့အတူနေ။ အတူစား။ အတူလှုပ်ရှားနေတာဆိုတော့ ရွာတကာလှည့်ပြီး မြို့နယ်အ လုပ်တွေ လုပ်ကြတာပေါ့ဗျာ။ အဲဒီကျနော်တို့ရဲ့အဖွဲ့မှာ သေနတ်လိုပဲ မပါမဖြစ်ပါလေ့ရှိတာက ကက်ဆက်နဲ့ ကက်ဆက်ခွေတွေပဲဗျ။ သူတို့ကဒေသခံလူထု။ အထူး သဖြင့် လူငယ်ပိုင်းတွေနဲ့စကားပြောပြီးရင် ကက်ဆက်လေးဖွင့်။ ထွေရာလေးပါး ပြောကြတာပေါ့ဗျာ။ ဒီအခါမှာ ကာလသားတွေက ဘာသီချင်းရှိသလား။ ဘယ်သီ ချင်းလေးဖွင့်ပါအုန်း စသဖြင့်ပြောကြ တောင်းဆိုကြတာ။ စိုင်းထီးဆိုင်နဲ့စိုင်မော်ဝ်တို့ရဲ့ သီချင်းတွေချည်းပဲ။ နောက်ပြီးကျနော်တို့တတွေ တတောင်ကနေတတောင်၊ တရွာကနေတရွာ သွားကြတော့လည်း လက်ထဲပါလာတဲ့ကက်ဆက်က သူတို့သီချင်းတွေပဲ ထွက်နေတာကိုးဗျ။ ဒါကြောင့် ကျနော့်အဖို့ ရှမ်းပြည်နယ်က ဒီတော။ ဒီတောင်၊ ဒီမြောင်၊ ဒီစမ်းတွေနဲ့ ဒီသီချင်းတွေဟာ ခွဲလို့မရဘူးဖြစ်သွားတယ်။ လှေစီးရင်း။ မြင်းစီးရင်း ဒီသီချင်းတွေနဲ့လွင့်မျောခဲ့ရတဲ့ နေ့ရက်တွေကို ဘယ်တော့မှ မမေ့ပါဘူး။ တခါတလေကိုယ်က သူတို့စကားနားမလည်လို့ ကိုယ့်ကိုရွာထဲက အိမ်တအိမ်မှာ သေနတ်တလက်၊ ကက်ဆက်တလုံးနဲ့ ထားခဲ့တာမျိုးတွေလည်း ရှိတယ်။ ကက်ဆက်နဲ့ထားခဲ့တယ်ဆိုတာထက် ထီးဆိုင်တို့စိုင်မောဝ်တို့နဲ့ ထားခဲ့တယ်ဆိုရင်ပိုမှန်မယ်ထင်ပါတယ်ဗျာ။
ကျနော်အဲဒီနေရာတွေကိုခွာရတဲ့အခါမှာ သူတို့သီချင်းတွေခေါင်းထဲရင်ထဲမှာ စွဲကပ်ပြီးပါလာတာပေါ့။ အဲဒါလည်းကြာသွားပြီ။
အခုတော့ကျနော့်လက်ထဲမှာ သေနတ်မရှိတော့ဘူး။ ရင်ထဲမှာစိုင်းထီးဆိုင်ရဲ့သီချင်းတွေတော့ရှိနေတယ်။

ယာတောကသာဗြော

ကိုယ်ကခံစစ်ဆိုပေမဲ့မရှုံးနိုင်


ရက်ပိုင်းမျှသာလိုတော့တဲ့ “ဆန္ဒခံယူပွဲ” အတွက် နအဖဟာ ခက်ခက်ခဲခဲ တက်လှမ်းနေတာ တွေ့နေရတယ်။ ခြိမ်း ခြောက်တာ ချော့မြူတာတွေအပြင် ဖမ်းချုပ်တာ၊ ချောင်းရိုက်တာတွေပါ ဖောဖောသီသီကြီးလုပ်နေတယ်။ မရှက် - မကြောက် - မကွယ် - မ၀ှက်။

တဖက်မှာတော့ ပြည်သူလူထုတွေထဲမှာတော့ ကန့်ကွက်မဲထည့်ဖို့ ကြက်ခြေခတ်ဖို့ဆိုတဲ့ သဘောထားဟာ ပြတ် ပြတ်သားသားချမှတ်ပြီးသွားပြီ။ ဆိုလိုတာ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီ။ ဘယ်ကမှ ရှောင်ဖယ်လို့မရတော့။

“နအဖဟာ သူတို့နိုင်အောင် တနည်းမဟုတ်တနည်းနဲ့ညစ်မှာပဲ” ဆိုတဲ့စကားတွေ နေရာတကာမှာ ပေါ်နေတယ်။ (ဒီ လေသံကို သူတို့လူတွေကတဆင့် မသိမသာလွှင့်နေတာလဲ ရှိနိုင်တယ်။) ဟုတ်တယ်သူတို့ကတနည်းမက နည်းပေါင်းသောင်း ခြောက်ထောင် ကျင့်သုံးကြလိမ့်မယ်။ သံသယမရှိနဲ့။ အာဏာရသူဖက်က လက်နက်နဲ့ အာဏာနဲ့ပေါင်းပြီး ညစ်တာဖြစ်တဲ့အ တွက် သူတို့က နိုင်ကောင်းနိုင်သွားနိုင်တယ်။ ဒါမဆန်းဘူး။ တိုက်ပွဲတရာ အောင်ပွဲတရာဆိုတာ နာေးထာင်လို့သာ ကောင်းပြီး လက်တွေ့မှာမရှိဘူး၊ ကိုယ်တိုက်ချင်တဲ့ ဂွင်၊ ကိုယ်တိုင်ချင်တဲ့ အချိန်မှာ၊ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြီးတိုက်ရရင် တမျိုးဖြစ် တယ်။ ဒီတခါ ပြီးခဲ့တဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီးမှာ အကြီးအကျယ်အထိနာသွားတဲ့ နအဖဟာ နိုင်ငံရေးလက်ဦးမှု ရယူရေးအတွက် ထိုးစစ်ဆင်လာတာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုကဖက်ပြောရရင် ဒီတပွဲဟာ ကိုယ်ကခံစစ်ကနေ လက်ဦးမှုရအောင် ပြန်လုပ်ရတာ ဖြစ်တယ်။

ဒါပေမဲ့ ဒါဟာစစ်ရေးတိုက်ပွဲမဟုတ်ဘူး။ နိုင်ငံရေးတိုက်ပွဲနဲ့ စစ်ရေးတိုက်ပွဲမှာ မတူတာတွေ အများကြီးရှိတယ်။ စစ်ရေးတိုက်ပွဲမှာ စစ်ရှုံးရင် လူပါ၊ နယ်မြေပါဆုံးရှုံးသွားတာမို့ နာလံမထူအောင် ဖြစ်တတ်တယ်။ နိုင်ငံရေးတိုက်ပွဲမှာ အဲဒီလို အကျအဆုံးမရှိအောင် တိုက်လို့ရတယ်။ ဒီတချီတိုက်ပွဲရဲ့ ထူးခြားမှုတခုကိုက ပြည်သူတွေဖက်က အရင်းအနှီးနည်းနည်းနဲ့ နအဖရဲ့ မသမာမှုကို ဖွင့်ချနိုင်တာ၊ သူတို့ချင်းကွဲလွဲမှုကို ပိုနက်ရှိုင်းစေတာ ဖြစ်တယ်။

ဒီတိုက်ပွဲမှာ နအဖက ထိုးစစ်ဆင်လာတာဖြစ်ပေမယ့် သူ့ဖက်က အခြေအနေကောင်းလှလို့ မဟုတ်ဘူး။ သူ့အဖို့ပြောရရင် ဒါဟာ ပွဲသိမ်းတိုက်ပွဲမဟုတ်ဘူး။ တောင်ကုန်းတကုန်း ရယူရေးတိုက်ပွဲသာ ဖြစ်တယ်။ ဒီခြေလှမ်းကို လှမ်းဖို့အတွက် နအဖထဲမှာ အကြာကြီး ပြင်ဆင်ချိန်ဆနေတဲ့ကြားကနေ နောက်ဆုံးမှာ စွတ်ရွတ်ပြီး ဆုံးဖြတ်ချက်ချလိုက်ရတာ ဖြစ်တယ်။ ဗိုလ်သန်းရွှေနဲ့ သူ့အပါးတော်မြဲတွေက ဖြစ်ချင်ရာဖြစ်ဆိုပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကြေငြာပြီးမှ တခြားနအဖအဖွဲ့ဝင်တွေကို အသိပေးအကောင်အထည် ဖော်ခိုင်းကြတယ်။ တကယ်တော့ စစ်အုပ်စုတခုဆိုတာ ထိပ်သီးပုဂ္ဂိုလ်နဲ့ သူ့ရဲ့အတွင်းစည်းဝိုင်းသာပဲ ဖြစ်တယ်။ ဗမာပြည်မှာဆိုရင် ဗိုလ်သန်းရွှေနဲ့ သူ့ပတ်ဝန်းကျင်က အနည်းစုလေးသာ ဖြစ်တယ်။ သူတို့အထဲမှာ ဒီမိုကရေစီမရှိဘူး။ ဗိုလ်သန်းရွှေလက်ညှိုးညွှန်ရာ ရေဖြစ်ရတာ။ ဒါကြောင့် ဒီတပွဲဟာ ဗိုလ်သန်းရွှေရဲ့ အရှက်ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက်နေတာမို့ သူ့လက်စွဲတွေဟာ အပြတ်ကြမ်းရမ်းလုပ်ကိုင်နေကြတယ်။

အခုလာတော့မယ့် ဆန္ဒခံယူပွဲဆိုတာဟာ ဗိုလ်သန်းရွှေအစုက စွတ်ရွတ်လုပ်ချလိုက်တာဖြစ်တဲ့အတွက် အကုန်အိုးနင်းခွက်နင်း ဖြစ်နေတာတွေတွေ့ရတယ်။ ဆန္ဒခံယူပွဲကို နောက်သုံးလမှာ ကျင်းပမယ်ပြောတယ်။ ဖွဲ့စည်းပုံမူကြမ်းဆိုတာက စာအုပ်ဖြစ်မလာသေးဘူး။ စာအုပ်ရယ်လို့ ရိုက်ထွက်လာတော့လဲ အမှားမှားအယွင်းယွင်းတွေ ဖြစ်နေတယ်။ မှားတာမှ စာရိုက်စာစီမှားတာ မဟုတ်ဘူး။ စာရိုက်စာစီမှားတာဆိုရင် စာလုံးမှားတာပဲ ဖြစ်မယ်။ အခုဟာက ၀ါကျလိုက်တွေ မှားနေတာ။ မှားတာမှ အယူအဆအရ ကပြောင်းကပြန်ဖြစ်နေအောင် မှားတာဖြစ်တယ်။ သူတို့ချင်းမှ ပြတ်အောင်ဆွေးနွေးလိုက်ကြရရဲ့လား စဉ်းစားစရာပဲ။ ဒါမှမဟုတ်၊ သူတို့ကိုယ်တိုင်ရော အသေအချာဖတ်ကြရဲ့လား။

ဘာပဲပြောပြော ဒီတချီမှာလဲ နအဖအဖို့ အင်မတန်ကြပ်ကြပ်တည်းတည်း လုပ်နေရတာတွေကို မြင်နေရတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံကို ဝေဖန်ဆန့်ကျင်သူတွေကို တရားဥပဒေအရ အရေးယူမလိုလိုပြောပေမယ့် အခု အရေးမယူရဲဘူးဖြစ်နေတယ်။ ပြည်သူတွေက ဗြောင်ဆန့်ကျင်၊ ဟားတိုက်ပြောနေကြတယ်။ ဒီအစား နအဖဟာ တရားမဲ့ ချောင်းရိုက်တာ၊ ဗြောင်ရိုက်တာ၊ ကားနဲ့တိုက်တာတွေ လုပ်နေတယ်။ တပြည်လုံးကို စည်းရုံးတာကနည်းနည်း၊ ခြိမ်းခြောက်တာကများများ လုပ်နေတယ်။ ရဲဆိုတာကလဲ ဗုံးခွဲတာဖမ်းမမိ၊ လူသတ်တာ၊ လူရိုက်တာအမှုမဖွင့်နဲ့၊ ပေထိုင်နေတယ်။ မီးသတ်က မီးမသတ်၊ လူသတ်နေတယ်။ စွမ်းအားရှင်ဆိုတာတွေက လက်နက်မဲ့ပြည်သူလူထုအပေါ် စွမ်းအားတွေ အမျိုးမျိုးပြနေကြတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲဟာ မင်းမဲ့စိုးမဲ့ နိုင်ငံတခုမှာကျင်းပတာနဲ့ အတူတူပဲဖြစ်မယ်။

တတိုင်းပြည်လုံးကို ဧရာမစစ်တပ်ကြီးနဲ့ ခြိမ်းခြောက်ပြီး အနိုင်ကျင့်အုပ်ချုပ်သလိုပဲ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်ဆိုတာတွေကိုလဲ အရေအတွက် ဂဏန်းအကြီးကြီးပြပြီး တပြည်လုံးကို ခြိမ်းခြောက်ပြန်တယ်။ တချို့မသိနားမလည်သူက ယုံပြီးကြောက်ရှာကြတယ်။ တချို့ကတော့ ဒီဂဏန်းတွေကို အသုံးချပြီး နအဖရဲ့ခွင်ထဲကို မောင်းပို့ကြတယ်။ ဒီတိုင်းပြည်က လူတွေလို ဒါလောက်တာရှည် တထိတ်ထိတ် တလန့်လန့် အသက်ရှင်နေထိုင်ရတဲ့ နိုင်ငံသားတွေ တခြားနိုင်ငံတွေမှာ ရှိမှရှိပါ့မလားဆိုတာ စဉ်းစားစရာပဲ။

တဖက်ကပြောရင်လဲ ဒီနိုင်ငံသားတွေလောက် အမှားအမှန်ခွဲခြားတတ်တာ၊ သတ္တိရှိတာ ကမ္ဘာမှာရှားတယ်။ ဒီတခါ နအဖရဲ့ ဆန္ဒခံယူပွဲဟာ နအဖဖက်ကစတဲ့ ထိုးစစ်ဖြစ်တာမှန်ပေမယ့် ဒီလိုပြည်သူလူထုနဲ့ရင်ဆိုင်ရတာမို့ သတို့တတွေ ကသောင်းကနင်း၊ မရှက်နိုင်၊ မကြောက်နိုင် လုပ်ကိုင်နေကြတာဖြစ်တယ်။ စိုးရိမ်နေ၊ ကြောက်ရွံ့နေတာဟာ သူတို့ပဲဖြစ်တယ်။

ဒီလိုအခါမှာ နအဖက နည်းမျိုးစုံနဲ့ညစ်မှာမို့ သူတို့နိုင်မှာပဲလို့ တွေးပူနေစရာ မလိုဘူး။ သူတို့ မုချဒီလိုလုပ်မှာပဲ။ သူတို့က ထိုးစစ်ဆင်လာတာကို ရင်ဆိုင်တဲ့ပြည်သူတွေအဖို့ ကိုယ့်ဖက်က အကျအဆုံးနည်းနည်းနဲ့ သူတို့ကို နိုင်ငံရေးအရ ထိထိရောက်ရောက် ထိုးနှက်နိုင်ရင်၊ နောက်ပြီး သူတို့တွင်းမကျေလည်မှုတွေ ပိုများပြားစေနိုင်တယ်ဆိုရင် ဒီတိုက်ပွဲဟာ နိုင်ပြီပဲ။ ဒါ့အပြင် အခြေအနေပေးရင် ဒီထက်ကြီးမားတဲ့အောင်ပွဲတွေတောင် ရနိုင်သေးတယ်။ ကိုယ့်ဖက်က လောဘကြီးလို့ မဖြစ်ဘူး။ သူ့အမှားတွေ များသထက်များလာအောင် ဖန်တီးရမယ်။ ကိုယ့်အတွက် တပ်လေ့ကျင့်ရေးတခုလို သဘောထားသင့်တယ်။ ပြည်သူတွေအဖို့ ဒီတခါဟာ တိုက်ပွဲနည်းမျိုးပေါင်းစုံကို တိုက်နိုင်၊ တိုက်တတ်အောင်လေ့ကျင့်ဖို့ အခွင့်အလမ်းကောင်းတခုပါ။ ဒီတိုက်ပွဲပြီးသွားတဲ့နောက်မှာ လူထုကြီးဟာ ကြောက်သွားတာ မဖြစ်ဘို့နဲ့ သူ့အကြပ်အတည်းက ကိုယ့်အကြပ်အတည်းဖြစ်မသွားဘို့ပဲ အရေးကြီးတယ်။

နအဖစစ်အုပ်စုကို ခြေလှမ်းရှိရှိနဲ့ တလုပ်ချင်းဝါးစားသွားမယ့် သဘောထားချမှတ်ထားရမယ်။

ဗသြ

ဆင်စမ်းနေတဲ့ ပုရောဟိတ်


ဗုဒ္ဓဘုရားရှင်လက်ထက်က ပညာရှိကြီးတယောက် ရှိတယ်လို့ ကြားဖူးတယ်။ ပညာတွေကို ၀မ်းဗိုက်ထဲမှာ သိုမှီး ထားရတာများလွန်းလို့ ပေါက်မထွက်သွားအောင် ခါးပါတ်ကြီးနဲ့ ပါတ်ထားရတယ်ဆိုဘဲ။ ပညာတွေလား၊ ပဲဟင်းတွေလား။ စဉ်းစားစရာပါ။ ဆင်ဆိုတာကြိုးပါလား၊ သစ်ပင်ပါလား၊ ယပ်တောင်ပါလား ဆိုတာမျိုးလည်း ရှိနေတတ်ပါတယ်။

ဘယ်သူကမှ ရိုက်မစစ်ဘဲ ပွင့်ပွင့်လင်းလင်း ၀န်ခံရမယ်ဆိုရင် ဒေါက်တာ ဦးတင်မောင်သန်းရဲ့ အစီအစဉ်တွေကို ကျော်ပြီးချန်ပြီး ဒီဗွီဘီကို နားထောင်နေတာကြာပါပြီ။ တစ်ခြားပညာရှင်တွေ ဆွေးနွေးတာထက် သူကပညာရှိလေသံ အပေါက် လွန်နေလို့ လားမသိ။ ပညာသိပ်မတတ်လှနဲ့ တောင်မရောက် မြောက်မရောက်ဖြစ်နေတဲ့ ကျုပ်အဖို့က လိုက်မမှီဖြစ်လိုက်၊ နား လျှံလိုက်၊ နားကလောလိုက်ဖြစ်နေလို့ပါ။ ဒေါက်တာ ဦးတင်မောင်သန်းဟာ ထူးချွန်သော ပညာရှင်တစ်ယောက်၊ စာရေးဆရာ ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို ဘယ်သူကမှ မငြင်းနိုင်ပါဘူး။ တိုင်းပြည်ချစ်တယ်။ တိုင်းပြည်ကောင်း စားစေချင် တယ်။ တိုင်းပြည်ကောင်းအောင် လုပ်ခဲ့တယ်ဆိုတာကို ယုံပါတယ်။

သို့သော်။

ဆရာရဲ့ ကြားမိတွေးမိသမျှ အစီအစဉ်က ဧပြီလ ၄ ရက်နေ့ ၂၀၀၈၊ ဒီဗွီဘီမှာ “လူထုဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲအ တွက် သော့ချက်ကျတဲ့အချက်ကို သုံးသပ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးချက်ဟာ ရာသီစာ၊ ဓာတ်စာဖြစ်နေတာမို့ တခုတ် တရ နားထောင်လိုက်မိပါတယ်။ နားထောင်ရင်းနဲ့ စိတ်ထဲမှာ “အော်၊ ဒါ့ကြောင့် ကုန်ရှုံးရင် တခါမှောက်၊ လင်ရှုံးရင် တသက် လုံးမှောက်၊ ဆရာမှားရင် တသံသရာလုံးမှောက်” လို့ ဆိုရိုးရှိပေတာပဲလို့ တွေးမိလိုက်တော့တာပါပဲ၊

ဆရာက လာမယ့်ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးဇာတ်ခုံကို သုံးပိုင်း၊ သုံးအုပ်စု ခွဲပြီးဆွေးနွေး ထားပါ တယ်။ ပထမအုပ်က အင်အယ်လ်ဒီနဲ့ အတိုက်အခံတွေဖြစ်ပါတယ်။ သူတို့က ကန့်ကွက်မဲ ပေးကြမယ်လို့ ဆိုပါတယ်၊ ဟုတ်ပါ တယ်။

ဒုတိယအုပ်စုက ကြံ့ဖွတ်နဲ့အပေါင်းအပါတွေဖြစ်ပါတယ်။ သူတို့က ထောက်ခံမဲပေးကြမယ်လို့ဆိုပါတယ်။ ရာခိုင်နှုံးအ တော်များများ မမှန်ဘူးဆိုတာ သေသေချာချာသိပေမဲ့ အတိုင်းအတာတရပ်အထိ ဖြစ်နိုင်ခြေရှိတာမို့ ငြင်းချက် မထုတ်တော့ပါ ဘူး။

အဆုံးအဖြတ်ပေးမယ့် အုပ်စုအဖြစ်နဲ့ ဆရာအလေးအနက်ထား ဆွေးနွေးထားတဲ့ တတိယအုပ်စုကို စိတ်ဝင်စားမိပါ တယ်၊ အဆုံးအဖြတ်ပေးမယ့်အုပ်စုလို့ ဆိုလေတော့ အထင်မသေးရဲပါဘူး။ တတိယအုပ်စုဆိုပြီး ဆရာပေးလိုက်တဲ့ ထင်ရှားတဲ့ ဥပမာတွေက မသိင်္ဂီရယ်၊ ပြည်တွင်းက အကြီးတန်းသတင်းစာဆရာတယောက်ရယ်၊ စစ်တပ်မိသားစုတွေရယ် ဖြစ်နေပါ တယ်၊။ တဖန် ဒီအုပ်စုက အဆုံးအဖြတ်ပေးမယ့် အုပ်စုဖြစ်ပြီး လာမယ့်ဖွဲ့စည်းပုံဥပဒေကို ထောက်ခံမဲပေးကြလိမ့်မယ် ဆိုတဲ့ အပိုင်းကို ထင်ဟပ်ဆွေးနွေးတဲ့အခါမှာ ဆရာက ထောက်ခံကြလိမ့်မယ်ဆိုတဲ့ အယူအဆတရပ်ဟာ လူတွေကြားမှာ ဖြစ်နေ တယ်။ လူတချို့မှာ ဖြစ်နေတယ်။ ပြည်တွင်းက ပညာတတ်တွေမှာ ဖြစ်နေတယ်။ စစ်တပ်မိသားစုတွေမှာ ဖြစ်နေတယ်ဆိုတဲ့ စကားလုံးတွေကို ပညာရှိပီသစွာ လိုသလိုညှပ်ပြီး ပါးပါးနပ်နပ်နဲ့ ထည့်သွင်းပြောဆိုသွားတာကို ကြားလိုက်ရပါတယ်။

ဆရာခင်ဗျား

ဆရာထောက်ပြတဲ့ အုပ်စုသုံးအုပ်စုထဲမှာ အတိုက်အခံပါတီဝင်တွေ မဟုတ်တဲ့၊ ကြံ့ဖွတ်တွေ မဟုတ်တဲ့၊ မသိင်္ဂီ မဟုတ်တဲ့၊ ပြည်တွင်းက အကြီးတန်းစာနယ်ဇင်းသမား မဟုတ်တဲ့၊ စစ်တပ်မိသားစုဝင်တွေ မဟုတ်တဲ့၊ သန်းပေါင်းများစွာသော သာမန် မိဘပြည်သူတွေကို ဘယ်နေရာမှ ကျနော်ရှာမတွေ့ပါဘူး။ ကြံ့ဖွတ်လို၊ မသိင်္ဂီလို၊ အကြီးတန်းစာနယ်ဇင်းသမားလို၊ စစ်တပ်မိသားစုဝင်တွေလို (ဆရာပြောတဲ့အတိုင်း ပြန်ကိုးကားရရင်) တနည်းနည်းနဲ့ သက်သာရာရ အသက်ရှူပေါက်ချောင်ရာ ကို မရှာဘဲ၊ စစ်ဗိုလ်တွေရဲ့ ညံ့ဖျင်းနုံချာတဲ့ အုပ်ချုပ်မှု၊ ဖိနှိပ်မှုကို အဆိုးဝါးဆုံး ခံနေရတဲ့၊ နေထွက်က နေ၀င်စားရေး၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေအတွက် သောကပင်လယ်တွေဝေနေတဲ့၊ စစ်တပ်ကိုကြောက်ရလို့ တအိမ်တယောက် ထွက်ပြီး ထမင်းအငတ်ခံ လုပ်အားပေးပွဲတွေ၊ ထောက်ခံပွဲတွေတက်နေရတဲ့ သာမန် မိဘပြည်သူတွေရဲ့ အခန်းကဏ္ဍကို ဆရာ တယောက် ပညာလျှံပြီး ထည့်တွက်ဖို့ မေ့လျော့သွားခဲ့လေသလားလို့ တွေးမိပါတယ်၊ တကယ်တော့ ကြံ့ဖွတ်လို၊ မသိင်္ဂီလို၊ အ ကြီးတန်း စာနယ်ဇင်းသမားလို၊ စစ်တပ်မိသားစုဝင်လို လူတွေထဲမှာ စစ်ဗိုလ်တွေရဲ့ အလိမ်အညာကိုမခံဘဲ ပြတ်ပြတ်သား သား ဆန့်ကျင်မဲပေးကြမယ့်သူတွေ အများအပြား အသေအချာရှိနေတာကိုလည်း၊ ဆရာ တမင်မသိချင်ယောင် ဆောင်ထားခဲ့ ပါတယ်။

အခုအခါမှာ အတိုက်အခံက သုညအဆင့်မှာဖြစ်နေပြီး စစ်တပ်က တစ်ရာရာနှုံးပိုင်စိုးထားတာမို့ ဖွဲ့စည်းပုံကိုထောက် ခံလိုက်ခြင်းအားဖြင့် သုညထက်ပိုသောတစုံတစ်ရာကို မျှဝေရနိုင်တယ်ဆိုတဲ့ စာနယ်ဇင်းသမားရဲ့အမြင်ကို ဆရာ အလေးထား ထောက်ပြဆွေးနွေးသွားပါတယ်၊ ဒီစာနယ်ဇင်းသမားရဲ့အမြင်ကိုပဲ လူတွေကြားမှာ ဖြစ်ပေါ်နေတဲ့အမြင်လို့ ဆရာက ထပ်ဆင့် အတည်ပြု ဆိုလိုက်ပြန်ပါတယ။ ဒီစာနယ်ဇင်းသမားရဲ့အမြင်က ပြည်သူတွေရဲ့အမြင်နဲ့ တထပ်တည်းကျတူနေတယ်လို့ ဆရာ ဘာ့ကြောင့် ပြောနိုင်ပါသလဲ၊ တကယ်တူတာလား။ ဆရာက တူစေချင်တာလား။ ဆရာ ရိုးသားပါရဲ့လား။

အခုအခါမှာ အာဏာကိုလိုသလိုသုံးပြီး ထင်သလိုအုပ်ချုပ်နေတဲ့စစ်ဗိုလ်တွေကို ဖွဲ့စည်းပုံကို အတည်ပြုလိုက်ခြင်း ဖြင့် သူတို့လုပ်ချင်ရာကို အရင်အတိုင်း ဒုံရင်းဆက်လုပ်နိုင်ဖို့ အခြေခံဥပဒေကြီးနဲ့ အကာအကွယ်ပေးလိုက်ရတော့မှာမို့ တရား စွဲလို့လည်းမရ၊ လူထုခုံရုံးလည်းမရှိ၊ နိုင်ငံတကာ ခုံရုံးလည်းပျောက်နဲ့ ချိုတပ်ပေးလိုက်တဲ့မြင်းလို ထိန်းမနိုင် သိမ်းမရဖြစ်သွား မှာကို ဆရာတွေးပူဟန် မရှိပါဘူး။ အရင်တုန်းက အာဏာသိမ်းရင် ဥပဒေကိုဖျက်ပြီး အာဏာသိမ်းရတတ်တဲ့ စစ်ဗိုလ်ချုပ်က အခုဖွဲ့စည်းပုံကို အတည်ပြုလိုက်ရင် ဥပဒေအရ အာဏာသိမ်းရတာဖြစ်သွားပြီး ဒါကို ကန့်ကွက်တဲ့၊ ဆန္ဒပြတဲ့ပြည်သူ တွေကို သတ်ချင်သလောက်သတ် တရားစွဲခွင့်မရှိတော့မှာကို ဆရာစိုးရိမ်ပုံမပြပါဘူး။ အခုနေအခါမှာ ဘယ်လိုမှမရနိုင်တဲ့ တရားဝင် လူသတ်လိုင်စင်ကို လာမယ့်ဖွဲ့စည်းပုံအရ စစ်တပ်က တဦးတည်းမူပိုင်ရသွားမှာကို ဆရာမြင်ပုံမရပါဘူး။ စစ်တပ် တမတ်သား က တနိုင်ငံလုံး ကို ထင်သလိုချယ်လှယ်ပြီး စစ်တပ်သဘောမတူဘဲ ဘာမှပြောင်းလို့ မရတဲ့ အခြေခံဥပဒေကို တိုးတက်တဲ့ မူတရပ်လို့ ပြည်သူကို ဆရာက သတင်းစကားပေး ချင်ပုံရပါတယ်။

ဆွေးနွေးချက်တခုလုံးကို သေသေချာချာ ဆန်းစစ်လိုက်ရင် ဖွဲ့စည်းပုံကို အတည်မဖြစ်သွားမှာကို ဆရာ အလွန်အ မင်း ပူပန်နေပုံရပါတယ။ ဆရာ့သောကနဲ့ စစ်အာဏာရှင်တွေရဲ့သောကနဲ့ စာနယ်ဇင်းသမားကြီးရဲ့ သောကတွေဟာ တထပ် တည်းကျပြီး တူနေတာက မေးခွန်းထုတ်စရာဖြစ်ပါတယ။ အကျိုးစီးပွားများ တူနေလေလို့လား။

အင်အယ်လ်ဒီလုပ်ဆောင်သမျှကို ဆရာက နအဖလိုဘဲ ဘယ်သောအခါကမှ လုံလောက်တယ်လို့ မထင်ခဲ့ပါဘူး။ အင်အယ်လ်ဒီ ဘယ်တော့မှ မမှားဘူးလို့ မဆိုလိုပါဘူး။ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံရသူကို တတန်းတည်း ထားတတ်တာဟာ အမြဲမမှန် နိုင်ပါဘူး။ အခုလည်း ဖွဲ့စည်းပုံကို ကန့်ကွက်ပြီးရင် ဘာလုပ်မယ်ဆိုတာ အင်အယ်လ်ဒီက ရှင်းရှင်းလင်းလင်း မပြောနိုင်ပါဘူး ဆိုပြီး ဆရာက စာနယ်ဇင်းသမားကြီးရဲ့ လက်ကိုငှားပြီး ခုတ်ပြန်ပါတယ။

ပညာရှင်ကြီးတဦးဖြစ်တဲ့ ဆရာ့ကိုမေးခွန်းတခု မေးလိုက်ချင်ပါသေးတယ်။ အာဏာရှင်က အာဏာကို တစ်ရာရာ ခိုင်နှုံး ရယူထားပြီး အတိုက်အခံက သုညဖြစ်နေတဲ့ အခြေအနေမျိုးမှာ အာဏာရှင်ကသာ ရွှေ့ကွက်တွေကို ဦးဆောင်နိုင်တယ် ဆိုတာ ဆရာဘာလို့ အသိအမှတ်မပြုနိုင်ရတာလဲ။ အင်အားချိနဲ့နေတဲ့ အတိုက်အခံလုပ်သူက ဘာပြီးရင် ဘာလာမယ်ဆို တာ ကို ဘယ်လိုမှ မသိနိုင်တာမို့ အချို့အခြေအနေတွေမှာ ကိုယ်ကဘာလုပ်မယ်ဆိုပြီး ကြိုတင်မချပြနိုင်တာကို ဆရာဘာလို့ မစာနာနိုင်၊ နားလည်မှု မပေးနိုင်ရတာလဲ။

ဒီဗွီဘီဟာ အမည်အရကိုယ်က စစ်အာဏာရှင်တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီထွန်းကားရေးအတွက် ပြည်သူတွေကို သတင်းမှန် အချက်အလက်မှန်တွေကို ပေးဖို့တာဝန်ရှိပါတယ။ နအဖက သူတို့စိတ်ဿကိက်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ကို အတည်ပြုပေးနိုင်အောင် ပြည်သူလူထုကို ချော့လိုက်၊ ချောက်လိုက်လုပ်နေတာကို ဒီဗွီဘီက မသိဘူးဆိုရင် ဖြစ်နိုင်ပါ့ မလား။ ပြည်သူလူထုက စစ်ကျွန်ဖွဲ့စည်းပုံကို အမြင်ရှုတ်ထွေးပြီး အတည်ပြုလာအောင်၊ တခုတည်းသော အထင်ကရအတိုက် အခံပါတီ အင်အယ်လ်ဒီကို လူထုက အယုံအကြည်ကင်းမဲ့လာအောင်၊ အသေခံ၊ အသတ်ခံပြီး ကန့်ကွက်မဲပေးကြဖို့ သက် စွန့်ဆံဖျား ဿကိးစားနေတဲ့ ကျောင်းသားတွေ၊ ရဟန်းရှင်လူ ပြည်သူတွေ၊ အင်အယ်လ်ဒီတွေကို နောက်ကြောက ဓားနဲ့ထိုး သလို လိမ်မာပါးနပ်စွာ သွေးထိုးလှုံ့ဆော်နေတဲ့ ဆရာဦးတင်မောင်သန်းကို ဒီဗွီဘီက စင်တင်ပေးပြီး စစ်ဗိုလ်တွေအဿကိက် ထောက်ခံမဲပေးဖို့ အော်နေတာ မရှက်ဘူးလား။

ကျုပ်တို့ဒီဗွီဘီက လွတ်လပ်တဲ့ သတင်းဌာနဖြစ်တယ်၊ အမြင်အားလုံးကို တင်ပြမယ်ဆိုရင် လေးစားပါတယ်၊ မှန် လည်း မှန်ပါတယ်။ ဒါဆို ကျုပ်အမြင်ကိုလည်း တင်ပြခွင့်ပြုပါ၊ ဆရာဦးတင်မောင်သန်း ကိုယ်တိုင်က ကျုပ်ဆောင်းပါးကို ကိုယ် တိုင်ဖတ်ပြီး ဒီဗွီဘီမှာ ရှင်းရဲပါသလား။

အောင်ထီ

ဧပြီလ ၅၊ ၂၀၀၈

တိုင်းရင်းသားပြည်သူများသို့တိုက်တွန်းချက်

ကျွန်ုပ်တို့စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးစုနိုင်ငံရေးပါတီများက အလေးအနက် တိုက်တွန်းအပ်ပါသည်။

၁။ ၂၀၀၈-ခုနှစ်၊ မေလ (၁၀)ရက်နေ့တွင်ပြုလုပ်မည့် လူထုဆန္ဒခံယူပွဲသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲပစ်နိုင် မည့် အခွင့်အရေးတစ်ရပ်အဖြစ် ရှုမြင်သဘောပေါက်ကာ မိမိတို့၏ဆန္ဒအစစ်အမှန်ကို ရဲဝံ့ပြတ်သားစွာ ဖော်ထုတ်ပြသကြပါရန်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ - ခုနှစ်၊ ဧပြီလ (၂) ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ပြည်သူသို့ပန်ကြားချက်နှင့် လုပ်ဆောင်ရမည့် အချက်များပါ ကိစ္စရပ်များကိုလည်း တခဲတနက်ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါသည်။

၂။ ယခုဆန္ဒခံယူမည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲထားခြင်းမဟုတ်၊ စစ်တပ်က အဓိ က အာဏာအရပ်ရပ်ကို ချုပ်ကိုင်ထားမည့် ဗဟိုကချုပ်ကိုင်သော အစိုးရပုံစံသာဖြစ်ပြီး ဒီမိုကရေစီအနှစ်သာရ ပြည့်ဝသည့် စစ်မှန်သော ပြည်ထောင်စုကိုလည်း မဖော်ဆောင်နိုင်။ သို့ဖြစ်ပါ၍ ပြည်သူလူထုသည် ၄င်းတို့နှင့် ထိုက်တန်သော အစိုးရကိုသာရရှိသည်ဆိုသည့် နိုင်ငံရေး အဆိုအမိန့်အရ နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိရှိသူတိုင်းက မိမိတို့၏ ဆန္ဒမဲတစ်ပြားစီဖြင့် မြန်မာနိုင်ငံတော်ကို လမ်းကြောင်းမှန်ပေါ်သို့ ပို့ ဆောင်ကာ သမိုင်းမှတ်ကျောက်တင်ကြပါရန် ထပ်မံတိုက်တွန်းအပ် ပါသည်။

၃။ မြန်မာ့အရေးကို ကမ္ဘာတစ်ဝန်းလုံးက အာရုံစိုက်စောင့်ကြည့်ကြမည်ဖြစ်ပါ၍ မိမိတို့၏ ဆန္ဒအမှန်ကိုထုတ်ဖော်ခြင်းကြောင့် ဘေး အန္တရာယ်ကြုံတွေ့မည်ကို စိုးရွံ့ရန်မလို။ စိုးရွံ့မှုကြောင့်ဆန္ဒအမှန်ကို မျိုသိပ်ခြင်း၊ မဲရုံသို့သွားရန် ပျက်ကွက်ခြင်း၊ ကြားနေခြင်းတို့သည် ရလဒ် ဆိုးများကို သွယ်ဝိုက်ထောက်ခံရာ ရောက်မည်ဖြစ်ပြီး ပိုမိုဆိုးရွားခါးသီးသော အနာဂတ်နှင့် ရင်ဆိုင်ရလိမ့်မည်ကို အထူးသတိချပ်ရန်လည်း တိုက်တွန်းအပ်ပါသည်။

၎။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၈ - ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေအခန်း (၈)၊ ပုဒ်မ (၂၂)၊ ပိုဒ်ခွဲ (က)၊ အငယ် (၁) အရ မဲရုံပိတ်ပြီးသည်နှင့် တပြိုင်နက် (၁၀) ဦးထက်မနည်း သော ဆန္ဒမဲပေးခွင့်ရှိသူတို့၏ ရှေ့မှောက်တွင် ဆန္ဒမဲများကိုရေတွက်ရမည်ဟု ဖော်ပြထားပါ၍ ပြည်သူတို့အနေဖြင့် မဲရုံဖွင့်ချိန်နှင့် ဆန္ဒမဲရေ တွက်ချိန်တွင် ပူးပေါင်းပါဝင် စောင့်ကြည့်ကြပါရန်လည်း အလေးအနက်တိုက် တွန်းအပ်ပါသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)

ဇိုမီးအမျိုးသားကွန်ဂရက် (ZNC)

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)

ကရင်အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD)

ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက် (KNCD)

ကယားပြည်နယ်လူမျိုးပေါင်းစုံဒီမိုကရေစီအဖွဲ့ချုပ် (KSANLD)

ကယန်းအမျိုးသားညီဍွတ်ရေးနှင့်ဒီမိုကရေစီအဖွဲ့ (DOKNU)

မရာပြည်သူ့ပါတီ (MPP)

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ (SSKDP)

ရခိုင်ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (APDF)

ရက်စွဲ။ ။ ၂၀၀၈-ခုနှစ်၊ ဧပြီလ (၃၀)ရက်

ရန်ကုန်မြို့။

ကိုယ်ကခံစစ်ဆိုပေမဲ့မရှုံးနိုင်

ရက်ပိုင်းမျှသာလိုတော့တဲ့ “ဆန္ဒခံယူပွဲ” အတွက် နအဖဟာ ခက်ခက်ခဲခဲ တက်လှမ်းနေတာ တွေ့နေရတယ်။ ခြိမ်း ခြောက်တာ ချော့မြူတာတွေအပြင် ဖမ်းချုပ်တာ၊ ချောင်းရိုက်တာတွေပါ ဖောဖောသီသီကြီးလုပ်နေတယ်။ မရှက် - မကြောက် - မကွယ် - မ၀ှက်။

တဖက်မှာတော့ ပြည်သူလူထုတွေထဲမှာတော့ ကန့်ကွက်မဲထည့်ဖို့ ကြက်ခြေခတ်ဖို့ဆိုတဲ့ သဘောထားဟာ ပြတ် ပြတ်သားသားချမှတ်ပြီးသွားပြီ။ ဆိုလိုတာ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီ။ ဘယ်ကမှ ရှောင်ဖယ်လို့မရတော့။

“နအဖဟာ သူတို့နိုင်အောင် တနည်းမဟုတ်တနည်းနဲ့ညစ်မှာပဲ” ဆိုတဲ့စကားတွေ နေရာတကာမှာ ပေါ်နေတယ်။ (ဒီ လေသံကို သူတို့လူတွေကတဆင့် မသိမသာလွှင့်နေတာလဲ ရှိနိုင်တယ်။) ဟုတ်တယ်သူတို့ကတနည်းမက နည်းပေါင်းသောင်း ခြောက်ထောင် ကျင့်သုံးကြလိမ့်မယ်။ သံသယမရှိနဲ့။ အာဏာရသူဖက်က လက်နက်နဲ့ အာဏာနဲ့ပေါင်းပြီး ညစ်တာဖြစ်တဲ့အ တွက် သူတို့က နိုင်ကောင်းနိုင်သွားနိုင်တယ်။ ဒါမဆန်းဘူး။ တိုက်ပွဲတရာ အောင်ပွဲတရာဆိုတာ နာေးထာင်လို့သာ ကောင်းပြီး လက်တွေ့မှာမရှိဘူး၊ ကိုယ်တိုက်ချင်တဲ့ ဂွင်၊ ကိုယ်တိုင်ချင်တဲ့ အချိန်မှာ၊ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြီးတိုက်ရရင် တမျိုးဖြစ် တယ်။ ဒီတခါ ပြီးခဲ့တဲ့ စက်တင်ဘာသံဃာ့ အရေးအခင်းကြီးမှာ အကြီးအကျယ်အထိနာသွားတဲ့ နအဖဟာ နိုင်ငံရေးလက်ဦးမှု ရယူရေးအတွက် ထိုးစစ်ဆင်လာတာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုကဖက်ပြောရရင် ဒီတပွဲဟာ ကိုယ်ကခံစစ်ကနေ လက်ဦးမှုရအောင် ပြန်လုပ်ရတာ ဖြစ်တယ်။

ဒါပေမဲ့ ဒါဟာစစ်ရေးတိုက်ပွဲမဟုတ်ဘူး။ နိုင်ငံရေးတိုက်ပွဲနဲ့ စစ်ရေးတိုက်ပွဲမှာ မတူတာတွေ အများကြီးရှိတယ်။ စစ်ရေးတိုက်ပွဲမှာ စစ်ရှုံးရင် လူပါ၊ နယ်မြေပါဆုံးရှုံးသွားတာမို့ နာလံမထူအောင် ဖြစ်တတ်တယ်။ နိုင်ငံရေးတိုက်ပွဲမှာ အဲဒီလို အကျအဆုံးမရှိအောင် တိုက်လို့ရတယ်။ ဒီတချီတိုက်ပွဲရဲ့ ထူးခြားမှုတခုကိုက ပြည်သူတွေဖက်က အရင်းအနှီးနည်းနည်းနဲ့ နအဖရဲ့ မသမာမှုကို ဖွင့်ချနိုင်တာ၊ သူတို့ချင်းကွဲလွဲမှုကို ပိုနက်ရှိုင်းစေတာ ဖြစ်တယ်။

ဒီတိုက်ပွဲမှာ နအဖက ထိုးစစ်ဆင်လာတာဖြစ်ပေမယ့် သူ့ဖက်က အခြေအနေကောင်းလှလို့ မဟုတ်ဘူး။ သူ့အဖို့ပြောရရင် ဒါဟာ ပွဲသိမ်းတိုက်ပွဲမဟုတ်ဘူး။ တောင်ကုန်းတကုန်း ရယူရေးတိုက်ပွဲသာ ဖြစ်တယ်။ ဒီခြေလှမ်းကို လှမ်းဖို့အတွက် နအဖထဲမှာ အကြာကြီး ပြင်ဆင်ချိန်ဆနေတဲ့ကြားကနေ နောက်ဆုံးမှာ စွတ်ရွတ်ပြီး ဆုံးဖြတ်ချက်ချလိုက်ရတာ ဖြစ်တယ်။ ဗိုလ်သန်းရွှေနဲ့ သူ့အပါးတော်မြဲတွေက ဖြစ်ချင်ရာဖြစ်ဆိုပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ ကြေငြာပြီးမှ တခြားနအဖအဖွဲ့ဝင်တွေကို အသိပေးအကောင်အထည် ဖော်ခိုင်းကြတယ်။ တကယ်တော့ စစ်အုပ်စုတခုဆိုတာ ထိပ်သီးပုဂ္ဂိုလ်နဲ့ သူ့ရဲ့အတွင်းစည်းဝိုင်းသာပဲ ဖြစ်တယ်။ ဗမာပြည်မှာဆိုရင် ဗိုလ်သန်းရွှေနဲ့ သူ့ပတ်ဝန်းကျင်က အနည်းစုလေးသာ ဖြစ်တယ်။ သူတို့အထဲမှာ ဒီမိုကရေစီမရှိဘူး။ ဗိုလ်သန်းရွှေလက်ညှိုးညွှန်ရာ ရေဖြစ်ရတာ။ ဒါကြောင့် ဒီတပွဲဟာ ဗိုလ်သန်းရွှေရဲ့ အရှက်ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက်နေတာမို့ သူ့လက်စွဲတွေဟာ အပြတ်ကြမ်းရမ်းလုပ်ကိုင်နေကြတယ်။

အခုလာတော့မယ့် ဆန္ဒခံယူပွဲဆိုတာဟာ ဗိုလ်သန်းရွှေအစုက စွတ်ရွတ်လုပ်ချလိုက်တာဖြစ်တဲ့အတွက် အကုန်အိုးနင်းခွက်နင်း ဖြစ်နေတာတွေတွေ့ရတယ်။ ဆန္ဒခံယူပွဲကို နောက်သုံးလမှာ ကျင်းပမယ်ပြောတယ်။ ဖွဲ့စည်းပုံမူကြမ်းဆိုတာက စာအုပ်ဖြစ်မလာသေးဘူး။ စာအုပ်ရယ်လို့ ရိုက်ထွက်လာတော့လဲ အမှားမှားအယွင်းယွင်းတွေ ဖြစ်နေတယ်။ မှားတာမှ စာရိုက်စာစီမှားတာ မဟုတ်ဘူး။ စာရိုက်စာစီမှားတာဆိုရင် စာလုံးမှားတာပဲ ဖြစ်မယ်။ အခုဟာက ၀ါကျလိုက်တွေ မှားနေတာ။ မှားတာမှ အယူအဆအရ ကပြောင်းကပြန်ဖြစ်နေအောင် မှားတာဖြစ်တယ်။ သူတို့ချင်းမှ ပြတ်အောင်ဆွေးနွေးလိုက်ကြရရဲ့လား စဉ်းစားစရာပဲ။ ဒါမှမဟုတ်၊ သူတို့ကိုယ်တိုင်ရော အသေအချာဖတ်ကြရဲ့လား။

ဘာပဲပြောပြော ဒီတချီမှာလဲ နအဖအဖို့ အင်မတန်ကြပ်ကြပ်တည်းတည်း လုပ်နေရတာတွေကို မြင်နေရတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံကို ဝေဖန်ဆန့်ကျင်သူတွေကို တရားဥပဒေအရ အရေးယူမလိုလိုပြောပေမယ့် အခု အရေးမယူရဲဘူးဖြစ်နေတယ်။ ပြည်သူတွေက ဗြောင်ဆန့်ကျင်၊ ဟားတိုက်ပြောနေကြတယ်။ ဒီအစား နအဖဟာ တရားမဲ့ ချောင်းရိုက်တာ၊ ဗြောင်ရိုက်တာ၊ ကားနဲ့တိုက်တာတွေ လုပ်နေတယ်။ တပြည်လုံးကို စည်းရုံးတာကနည်းနည်း၊ ခြိမ်းခြောက်တာကများများ လုပ်နေတယ်။ ရဲဆိုတာကလဲ ဗုံးခွဲတာဖမ်းမမိ၊ လူသတ်တာ၊ လူရိုက်တာအမှုမဖွင့်နဲ့၊ ပေထိုင်နေတယ်။ မီးသတ်က မီးမသတ်၊ လူသတ်နေတယ်။ စွမ်းအားရှင်ဆိုတာတွေက လက်နက်မဲ့ပြည်သူလူထုအပေါ် စွမ်းအားတွေ အမျိုးမျိုးပြနေကြတယ်။ နအဖရဲ့ ဆန္ဒခံယူပွဲဟာ မင်းမဲ့စိုးမဲ့ နိုင်ငံတခုမှာကျင်းပတာနဲ့ အတူတူပဲဖြစ်မယ်။

တတိုင်းပြည်လုံးကို ဧရာမစစ်တပ်ကြီးနဲ့ ခြိမ်းခြောက်ပြီး အနိုင်ကျင့်အုပ်ချုပ်သလိုပဲ ကြံ့ဖွတ်နဲ့ စွမ်းအားရှင်ဆိုတာတွေကိုလဲ အရေအတွက် ဂဏန်းအကြီးကြီးပြပြီး တပြည်လုံးကို ခြိမ်းခြောက်ပြန်တယ်။ တချို့မသိနားမလည်သူက ယုံပြီးကြောက်ရှာကြတယ်။ တချို့ကတော့ ဒီဂဏန်းတွေကို အသုံးချပြီး နအဖရဲ့ခွင်ထဲကို မောင်းပို့ကြတယ်။ ဒီတိုင်းပြည်က လူတွေလို ဒါလောက်တာရှည် တထိတ်ထိတ် တလန့်လန့် အသက်ရှင်နေထိုင်ရတဲ့ နိုင်ငံသားတွေ တခြားနိုင်ငံတွေမှာ ရှိမှရှိပါ့မလားဆိုတာ စဉ်းစားစရာပဲ။

တဖက်ကပြောရင်လဲ ဒီနိုင်ငံသားတွေလောက် အမှားအမှန်ခွဲခြားတတ်တာ၊ သတ္တိရှိတာ ကမ္ဘာမှာရှားတယ်။ ဒီတခါ နအဖရဲ့ ဆန္ဒခံယူပွဲဟာ နအဖဖက်ကစတဲ့ ထိုးစစ်ဖြစ်တာမှန်ပေမယ့် ဒီလိုပြည်သူလူထုနဲ့ရင်ဆိုင်ရတာမို့ သတို့တတွေ ကသောင်းကနင်း၊ မရှက်နိုင်၊ မကြောက်နိုင် လုပ်ကိုင်နေကြတာဖြစ်တယ်။ စိုးရိမ်နေ၊ ကြောက်ရွံ့နေတာဟာ သူတို့ပဲဖြစ်တယ်။

ဒီလိုအခါမှာ နအဖက နည်းမျိုးစုံနဲ့ညစ်မှာမို့ သူတို့နိုင်မှာပဲလို့ တွေးပူနေစရာ မလိုဘူး။ သူတို့ မုချဒီလိုလုပ်မှာပဲ။ သူတို့က ထိုးစစ်ဆင်လာတာကို ရင်ဆိုင်တဲ့ပြည်သူတွေအဖို့ ကိုယ့်ဖက်က အကျအဆုံးနည်းနည်းနဲ့ သူတို့ကို နိုင်ငံရေးအရ ထိထိရောက်ရောက် ထိုးနှက်နိုင်ရင်၊ နောက်ပြီး သူတို့တွင်းမကျေလည်မှုတွေ ပိုများပြားစေနိုင်တယ်ဆိုရင် ဒီတိုက်ပွဲဟာ နိုင်ပြီပဲ။ ဒါ့အပြင် အခြေအနေပေးရင် ဒီထက်ကြီးမားတဲ့အောင်ပွဲတွေတောင် ရနိုင်သေးတယ်။ ကိုယ့်ဖက်က လောဘကြီးလို့ မဖြစ်ဘူး။ သူ့အမှားတွေ များသထက်များလာအောင် ဖန်တီးရမယ်။ ကိုယ့်အတွက် တပ်လေ့ကျင့်ရေးတခုလို သဘောထားသင့်တယ်။ ပြည်သူတွေအဖို့ ဒီတခါဟာ တိုက်ပွဲနည်းမျိုးပေါင်းစုံကို တိုက်နိုင်၊ တိုက်တတ်အောင်လေ့ကျင့်ဖို့ အခွင့်အလမ်းကောင်းတခုပါ။ ဒီတိုက်ပွဲပြီးသွားတဲ့နောက်မှာ လူထုကြီးဟာ ကြောက်သွားတာ မဖြစ်ဘို့နဲ့ သူ့အကြပ်အတည်းက ကိုယ့်အကြပ်အတည်းဖြစ်မသွားဘို့ပဲ အရေးကြီးတယ်။

နအဖစစ်အုပ်စုကို ခြေလှမ်းရှိရှိနဲ့ တလုပ်ချင်းဝါးစားသွားမယ့် သဘောထားချမှတ်ထားရမယ်။

ဗသြ

တိုင်းပြည်ရဲ့ကံကြမ္မာကိုအဆုံးအဖြတ်ပေးတဲ့ကာလရောက်တော့မယ်

တိုင်းပြည်တပြည်မှာ နိုင်ငံရေးအကြပ်အတည်း။ ဒါမှမဟုတ်ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးကြုံလာ ရရင် ဆေးမြီးတိုကအစ တဘောင်ပေး။ နတ်လမ်းညွှန်ပေးတာတွေ။ ရွှေငုံးမင်းအမြီးမျှော်သလို မျှော်ခိုင်းတာစတာတွေ ဟိုက ဒီကပေါ်လာတတ်ပါတယ်၊ ပုံမှန်အခြေအနေမှာ နိုင်ငံရေးစကားပြောနေသူ မဟုတ်သူတွေတောင် ဒီလိုအခါမှာ ခုန်ထွက်လာ တတ်ပါတယ်၊ ဒါမဆန်းပါဘူး၊ တကမ္ဘာလုံးမှာ ဖြစ်တတ်တာပါပဲ၊

ဒါပေမဲ့ အဲဒီလိုသဘောတရားတွေ ထုတ်လာသူတွေဟာ ဘယ်လိုသဘောထားနဲ့ ပေးတယ်ဆိုတာကိုတော့ သေချာ စိစစ်ဖို့လိုပါတယ်၊ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာရှိသူတွေပါတတ်သလို တချို့ကတော့ ဒီတကွေ့မှာဖြင့်ငါ့အ ကွက်ပေါ်ပြီလို့ယူဆပြီး ထွက်လာတာပါ၊ ငါ့အကွက်ဆိုတာမှာ အတိုက်အခံနိုင်ငံရေးလောကမှာဆိုရင် ခေါင်းဆောင်ဖြစ်ဖို့။ ထင် ပေါ်ကျော်စောဖို့။ အလိုတော်ရိလောကမှာဆိုရင် ငါမျက်နှာရအောင်လုပ်ဖို့။ ရာထူးနေရာရဖို့။ စတာမျိုးတွေပါတတ်ပါတယ်၊ စစ် အစိုးရကိုဆန့်ကျင်ရတဲ့ ဒီမိုကရေစီတိုက်ပွဲသက်တမ်း ရှည်ကြာလာတာနဲ့အမျှ ဒီလိုထူးထူးဆန်းဆန်း အယူအဆတွေတွေ့လာ ရပါတယ်၊ တချို့ဆိုရင်အနောက်တိုင်းက စာအုပ်တွေထဲမှာပါတာတွေကို ကိုယ့်နိုင်ငံအခြေအနေနဲ့ သင့်တော်သည်။ မသင့် တော်သည်မစဉ်းစားပဲ အတင်းဆွဲယူပြီး သဘောတရားဖန်တီးကြတာ တွေ့ရပါတယ်၊ ဖိနပ်မတော်ရင် ဖနောင့်ဖြတ်မယ့် သဘောပါ၊

ဗမာပြည်ရဲ့ လက်ရှိအနေအထားမျိုးမှာ အာဏာရလူတန်းစားဟာ “ခွင်လုံးကျွတ်နိုင်ချင်နေသမျှ”။ ဒါမှမဟုတ် “ခွင် လုံးကျွတ် အနိုင်ယူဖို့ပဲတွေးခေါ် လုပ်ဆောင်နေသမျှ” ဘယ်တော့မှ နှစ်ဖက်အနိုင်ရရှိတဲ့ “Win - Win ဖြေရှင်းနည်း” ဖြစ်ပေါ် မ လာနိုင်ပါဘူး၊ “Win - Win ဖြေရှင်းနည်း” ဆိုတာဟာ နှစ်ဖက်စလုံးကသဘောရိုးနဲ့။ အဖြေကောင်းရလိုတဲ့ ဆန္ဒအစပြုချက်နဲ့ ဆွေးနွေးကြမှရတာပါ၊ အာဏာရလူတန်းစားက “သူ့ဘက်က အနိုင်ရနေတယ်” လို့ထင်နေသမျှ “ဂိမ်းသီဝရီ” ဆိုတာအလုပ်မ ဖြစ်နိုင်ပါဘူး၊ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ရန်သူဟာ ဘယ်လိုလူလဲဆိုတာကို အကဲဖြတ်တာမှာကိုပဲ ပြဿနာ ရှိနေပါတယ်၊ စစ်ဗိုလ်ချုပ်တွေကို ပန်းပန်။ သနပ်ခါးလိမ်းပေးနေပြီး ဒီချုပ်ကိုအိုးမည်းသုပ်ဖို့ ကြိုးစားနေတာတွေလည်း တွေ့ရ ပါတယ်၊ ကိုယ့်ဖက်ကသူ့ကိုကြည့်ရင်တမျိုး။ သူ့ဖက်က ကိုယ့်ကိုကြည့်ရင် တမျိုးဆိုတာမဆန်းပါဘူး၊ ဒါပေမဲ့ဘယ်ဖက် မှာရပ် တယ်ဆိုတဲ့ကိစ္စကိုတော့ ပြောရပါမယ်၊

ဒီနေ့ဗမာပြည်ကြုံတွေ့နေရတဲ့ အကြပ်အတည်းဟာ လက်နက်ကိုင်ထားတဲ့ အာဏာရလူတန်းစားက အာဏာကို ပြည်သူက ရွေးကောက်တင်မြှောက်သူတွေလက်ထဲ လွှဲပြောင်းဖို့မပြောနဲ့ တဖဲ့တစတောင် ခွဲမပေးချင်လို့ဖြစ်ပါတယ်၊ တချို့ သော ကိုယ့်ကိုယ်ကို နိုင်ငံရေးပရောဟိတ်လို့ သတ်မှတ်ယူဆနေသူတွေပြောသလို အတိုက်အခံတွေဖက်က။ အထူးသဖြင့် အမျိုးသားဒီမိုကရေစီဖက်က အလျှော့မပေးလို့။ တင်းခံနေလို့လုံးဝမဟုတ်ပါဘူး၊

ဒါကြားထဲကပဲ “ကိုယ်ကလျှော့ပေးရင် သူကလည်းလျှော့ပေးလာမယ်” ဆိုတဲ့ အံ့သြစရာစဉ်းစားတွေးခေါ်နည်းတွေ တောင် ကြားရ ဖတ်ရပါတယ်၊ သူတို့ဟာ နအဖကိုဖားချင်လွန်းတာလား။ နုံအလွန်းတာလား စဉ်းစားစရာဖြစ်နေပါတယ်၊ ဒီ ထက်ဒီသာဆက်ပြီး အလျှော့ပေးရမယ်ဆိုရင်တော့ ခါးပါပါယုံမက “ကျားရှေ့ခံတွင်းရှေ့မှာ ကိုယ်ကိုစင်းပေး” တာပဲဖြစ်မှာ တော့မှာပါ၊

ဒီအတွေးအခေါ်တွေနဲ့ တဆက်ထဲတချို့က ဗမာပြည်ရဲ့ “ပြည်တွင်းစစ်သမိုင်းကိုလည်း သူတို့ဖြစ်စေချင်သလိုဆွဲ တွေး။ ဆွဲရေးနေတာတွေ ပေါ်လာနေပါတယ်၊ နအဖပေးထားတဲ့ဒီမိုကရေစီဟာ သူတို့ရဲ့အဲဒီလိုရေးသားမှုတွေအတွက်တော့ တကယ့်ကို အံကိုက်ပါ၊ ပြန်စဉ်းစားကြည့်ပါ၊ စေ့စပ်ဆွေးနွေးပြီး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည် ထောင်ဖို့ ဗကပက ၁၉၅၅ခုနှစ်မှာ ကမ်းလှမ်းတုန်းက ‘စစ်အုပ်စု’ဟာ တပ်မတော်ရဲ့တစိတ်တပိုင်းမှာပဲ ဘန်ကာတူး။ အခြေ စိုက်နေရတုန်းပဲဖြစ်ပါတယ်၊ ‘မဆလ ဆိုရှယ်လစ်အတွေးအခေါ်’ ဆိုတာကို စတင်ပြီးတော့ ကြံဆနေရတုန်းဖြစ်မှာပါ၊ စစ်အုပ်စု အပိုင်စီးထားတဲ့ ‘စိတ်ဓာတ်စစ်ဆင်ရေးဌာန’ ကို အသုံးပြုပြီး ‘ခေတ်ရေး’ စာစောင်ကလေးတွေ ထုတ်နေပြီး တပ်ကို တလက် ကိုင်ဖြစ်အောင် ဿကိးစားစည်းရုံးနေတုန်းဖြစ်ပါတယ်၊ (အဲဒီ ‘ခေတ်ရေး’ စာစောင်ကလေးတွေကို ပြန်လည်လေ့လာကြည့်ရင် ရှင်းပါလိမ့်မယ်၊ သောင်းနဲ့ချီရိုက်ပြီး အလကားဝေခဲ့တာမို့ အခုရှာရင် ရနိုင်ပါသေးတယ်၊) ဒါကြောင့်အဲဒီတုန်းကတည်းက ‘ဖဆပလ အစိုးရ’ ရဲ့ တရားဝင်ပေါ်လစီ’ နဲ့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ ရဲ့ ပေါ်လစီဟာ အတိအလင်းကွဲပြားနေတာကိုလည်း တွေ့ကြရမှာပါ၊ စစ်တပ်ဟာဦးနုကို မျက်လုံးထဲတောင်မထားပါဘူး၊

ဗကပထဲမှာလည်း အဲဒီတုန်းကတည်းက ကိုယ့်ဘက်ကလျှော့ပေးလိုက်ရင် သူ့ဘက်ကလည်း လျှော့ပေးလိမ့်မယ် ဆိုတဲ့ အတွေးအခေါ်ကို စစ်တမ်းတွေ ပလူပျံအောင်ရေးပြီး ဖြန့်နေကြတာပါ၊ အလွယ်ဆုံးဥပမာပြရရင် “ချမ်းအေးစစ်တမ်း” ပါ၊ ဒါကတခုပဲဖြစ်ပါတယ်၊ တခြားစစ်တမ်းတွေလည်းရှိပါသေးတယ်၊ ဒါပေမဲ့ အဲဒါတွေအားလုံးမှာ အခြေခံအတွေးအခေါ်ကတော့ တခုတည်းပါ၊ အဲဒါက “ကိုယ့်ဘက်ကလျှော့ပေးမှ သူ့ဘက်ကလျှော့လာမယ်” ဆိုတဲ့အတွေးအခေါ်ဖြစ်ပါတယ်၊ အဲဒီအယူ အဆရှင်တချို့က “ဆုတ်မယ့်ဆုတ် ကတုတ်ထိအောင်ဆုတ်ရမယ်” လို့ပြောပြီး လက်နက်ချ အညံ့ခံဖို့ပြောကြပါတယ်၊ သူတို့ မစဉ်းစားမိတာက “ခွင်လုံးကျွတ် အနိုင်ယူ ချင်သူဟာ လျှော့ပေးရင် ကမ်းတက်တတ်တယ်” ဆိုတာပါပဲ၊

“ဒီမိုကရေစီကို လက်နက်နဲ့လဲ” လို့မရခဲ့တာကိုတော့ “ပြည်သူ့ရဲဘော်” တွေ “အလံနီ” တွေရဲ့ ဖြစ်ရပ်ကသက်သေပြခဲ့ပါပြီ၊

“ဒီမိုကရေစီကို ‘မဲပြား’ နဲ့ရအောင်လုပ်ရင်ရမယ်၊ ‘အကြမ်းမဖက်ရေး’ နဲ့ လုပ်ရင်ရမယ်ထင်တဲ့ ‘ထင်ယောင်မှားမှု’ ကိုတော့ ပထစ နဲ့ ဒီချုပ် အတွေ့အကြုံတွေက ပြသွားခဲ့ပြီမဟုတ်ပါလား၊ အခုတော့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ မှာ အောက်သက်ကျေခဲ့တဲ့ ဗိုလ်သန်းရွှေက “တရားခံအဖြစ်ခံပြီး” အခြေခံဥပဒေ ရေးဆွဲလိုက်ပါပြီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နောက်ဆုံးလက်သီး ချက်သွင်းတဲ့ coup de grace အဆင့်ကို ရောက်နေပြီ၊ စစ်အုပ်စုဟာ ‘စစ်တပ်နဲ့အာဏာသိမ်း’ coup deta နဲ့ စခဲ့ပြီး coup de grace နဲ့ စစ်အုပ်စုမင်းဆက်ကို ထူထောင်ချင်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်၊ ဒိထက်ထပ်လျှော့ရင်ဘာဖြစ်မလဲ၊ ပြားပြား ၀ပ်တဲ့ဘ၀ပဲရောက်မှာပါ၊ အညွန့်တုံးတဲ့ဘ၀ပဲ ရောက်မှာပါ၊

၂၀၀၈ခုနှစ်ကနေ ၂၀၁၀ခုနှစ်။ ဒီ၂နှစ်အတွင်းမှာအဖြစ်အပျက်တွေဟာ ဗမာပြည်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပါလိမ့်မယ်၊ ဘာဖြစ်မလဲ၊ အကောင်းလား။ အဆိုးလားတွေ့ရတော့မှာပါ၊ ကြာကြာစောင့်ရမယ် မထင်ပါဘူး၊ တွေဝေနေရင် တသက်တာလုံး ခံရပါလိမ့်မယ်၊

ဖဆပလ - ပထစ - မဆလ တို့ရဲ့ဇာတ်သိမ်းမျိုး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မသိမ်းရလေအောင် ကျွန်တော်တို့တတွေအားလုံး ကြိုးစားကြရပါမယ်၊ ဒါဟာ နောက်မြီးဆွဲလုပ်တာမဟုတ်ပါဘူး၊ သမိုင်းတခေတ်မှာရင်ဆိုင်ရတဲ့ အခြေအနေမှာ ကိုယ့်ကျတဲ့အခန်းကနေ ၀င်ပါတာဖြစ်ပါတယ်၊

တကယ်တော့ဗမာပြည်ရဲ့အဖြစ်ဟာ ဖွတ်မိကျောင်းဖြစ်လာလို့ ဖွတ်ကျောပြာစုဘ၀ရောက်ရတာပါ၊ ၁၉၅၅ခုနှစ် လောက်တုန်းက စစ်အုပ်စုဟာ အိမ်မြှောင်အဖြစ်ကနေ ပြည်တွင်းစစ်ကြောင့် ကြီးထွားလာတဲ့ ‘ဖွတ်ဘ၀’ ပဲရှိပါသေးတယ်၊ ဒီလိုနဲ့ ၁၉၅၈ခုနှစ်မှာ ဖဆပလကွဲတော့ တဆင့်တက်လာပါတယ်၊ စစ်အုပ်စုဟာ ‘နိုင်ငံတော်အာဏာပိုင်’ အဖြစ် ယာယီဖြစ်လာ ပါတယ်၊ အာဏာရဲ့အရသာကို လျှာနဲ့လျက်ခွင့်ရလိုက်ပါတယ်၊ နေသေးသပခြုံထဲက။ ချိုသွေးသပတမြမြလုပ်နေပါတယ်၊

ဗိုလ်နေ၀င်းနဲ့သူ့တပ်မှူးတွေဟာ ၁၉၅၈ခုနှစ်မှာ သူတို့ကို “အာဏာလွှဲပေးခဲ့တဲ့” ဦးနုရဲ့ပထစအစိုးရကို ခဏစောင့်ကြည့်ပြီး ၁၉၆၂ ခုနှစ်မှာကျတော့ သူတို့အာဏာသိမ်းရင် ပထစတွေ လွန်ဆန်နိုင်မှာမဟုတ်ဘူးလို့ တွက်မိပြီး တဆင့်တက်လိုက်တာပါပဲ၊ အာဏာကို အပြီးအပိုင်သိမ်းလိုက်တာပါ၊ ကမ္ဘာတည်သရွေ့အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ‘မဆလအလံ’ ကိုလည်း အတိအလင်းထူပြ လိုက်ပါတယ်၊

၁၉၈၈ မှာ စစ်အုပ်စုဟာမျိုးဆက်သစ်ကို အာဏာအမွေလွှဲပေးပါတယ်၊ ရှစ်လေးလုံးတိုက်ပွဲကြီးကြောင့် ဗိုလ်နေ၀င်းပန်းပေး သွားတာပါ၊ ၁၉၈၈ခုနှစ်ကနေ အခု၂၀၀၈ခုနှစ် အထိမှာတော့ အာဏာကိုလဲလွှဲမပေး။ စစ်တန်းလျားကိုလည်းမပြန်တော့ပါဘူး၊ နေပြည် တော်အသစ် ထူထောင်ပြီး အာဏာကိုရာသက်ပန် သိမ်းထားမယ်ဖြစ်နေပါပြီ၊ အခုဗမာပြည်သူတွေရင်ဆိုင်နေရတာဟာ အာဏာကို တရားဝင်ရာသက်ပိုင်ဆုပ်ကိုင်ထားဖို့အတွက် ဥပဒေပြုနေတာနဲ့ စစ်အင်အားတည်ဆောက်နေတဲ့ အနေအထားဖြစ်ပါတယ်၊

၂၀၀၀ခုနှစ် ၀င်လာကတည်းက နိုင်ငံတကာ့အခြေအနေကလည်း တစတစပြောင်းလာလိုက်တာ အခုတော့ ဗမာပြည်ဟာ အင်အားကြီးတွေရဲ့ကြားမှာ ကစားစရာဖြစ်နေပါပြီ၊ ကုလသမဂ္ဂကိုပြေးတိုင်လိုက်။ ကုလသမဂ္ဂကိုရန်ထောင်လိုက်နဲ့ လူရီစရာတွေ ဖြစ်လာပါလိမ့်မယ်၊ ပြည်ပမှာသူများတွေက အမှိုက်လှည်းကြီးလို့ ထင်စရာဖြစ်လာနေချိန်မှာ ပြည်တွင်းမှာကျတော့ ဖွတ်ကမိကျောင်း ဖြစ်တာကြာပြီဖြစ်တဲ့အတွက် မြစ်ပြင်တခုလုံး မချမ်းသာရုံမက မြစ်ပြင်တခုလုံး မီးဟုန်းဟုန်းတောက်မယ့် အခြေအနေဆိုက်နေပါပြီ၊

နိုင်ငံရေးဘ၀မှာ ဇာတ်ဆရာမရှိပါဘူး၊ ကိုယ်တိုင်ပါဝင် ကကြရတာပါ၊ လူတိုင်း။ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်နဲ့ နိုင်ငံရေးသမားတိုင်းဟာ ပွဲကြည့်တွေမဟုတ်ပါဘူး၊ ကိုယ်တိုင်ကပြနေကြတာပါ၊ ဘာမှမလုပ်ပဲထိုင်နေရင် အဲဒါလည်းသရုပ်ဆောင်နေတာပဲ ဖြစ်တယ်ဆိုတာကို မမေ့ဖို့ပါပဲ၊

ရဲဘော်ဖိုးသံချောင်း

စေ့စပ်ဆွေးနွေးပွဲ နဲ့ စကားပြောပွဲ

(ရဲဘော်ဖိုးသံချောင်း)

ဒီနေ့ဗမာပြည်မှာ ဖေဖော်ဝါရီလထဲမှာ ထုတ်ပြန်လိုက်တဲ့ ၁/၂၀၀၈ နဲ့ ၂/၂၀၀၈ တို့ရဲ့ဂယက်တွေ အပြင်းအထန်ရိုက် ခတ်နေပါတယ်။ အဲဒါကတော့ နအဖစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ “စကားပြော” နေတဲ့အကြားက သူတို့ရဲ့ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ ကိုအတည်ပြုဖို့နဲ့ ရွေးကောက်ပွဲအစီအစဉ်တို့ကို အတင်းတင်ပြလာတာဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့နအဖတို့ “စကားပြော” တာရဲ့အဖြေလား၊ နောက်ဆက်တွဲလား၊ စဉ်းစားစရာဖြစ်ပါတယ်။ အဲဒီ “စကားပြောပွဲ” ဟာ ဘာဖြစ်သွားပြီလဲ၊ ဆက်ပြီး ပြောခိုင်း ထားအုန်းမှာလား၊ မေးစရာတွေလည်းပေါ်လာပါတယ်။

တကယ်တော့ ဒီစကားပြောပွဲဟာစံကျတဲ့ စစ်အုပ်စုပုံစ စကားပြောပွဲတခုသာဖြစ်ပါတယ်။

ဒီလိုဆိုတော့ စကားပြောပွဲဆိုတာနဲ့ စေ့စပ်ဆွေးနွေးပွဲဆိုတာတို့ရဲ့ ခြားနားချက်ကိုပြောဖို့လိုလာပါတယ်။ စေ့စပ်ဆွေး နွေးတယ်ဆိုတာဟာ နှစ်ဖက်ကွဲလွဲနေတာတွေကို ဖြေရှင်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ရှိရှိ စကားပြောကြတာဖြစ် ပါတယ်။ စကားပြောပွဲ ဆိုတာကတော့ ဘာဘောင်မှခတ်မထားတဲ့၊ တနည်းပြောရရင် ဦးတည်ချက်မထားပဲ ပြောရင်လည်း ပြောလို့ရတဲ့စကားပြောခြင်းတရပ် ဖြစ်ပါတယ်။ န၀တ - နအဖရဲ့သက်တမ်းတလျှောက်မှာ စေ့စပ်ဆွေးနွေးတယ်ဆိုတဲ့ စကား မပြောနဲ့ စာပွဲဝိုင်းမှာထိုင်တယ်ဆိုတဲ့ စကားမျိုးကိုတောင် မသုံးဘူးဆိုတာသတိပြုမိပါတယ်။ သူတို့တတွေ ငြိမ်းအဖွဲ့တွေနဲ့ တွေ့ ဆုံတာတွေမှာတောင် ဒီလိုအသုံးအနှုန်းတွေ မသုံးတဲ့ပါဘူး။

တကယ်ကျတော့ စစ်အုပ်စုတိုင်းလိုလိုပဲ ‘စေ့စပ်ဆွေးနွေးရေး’ ကို ယတိပြတ်ငြင်းပယ်လေ့ ရှိပါတယ်။ သူတို့ဟာ ‘သ ရေပွဲ’ ဆံတဲ့အဖြေမျိုးကို လက်ခံနိုင်စွမ်းမရှိပါဘူး။ သူတို့က ‘နိုင်ရမှ’ ကြိုက်ပါတယ်။ ‘နိုင်’ ပြီးပြီဆိုတော့မှ ဘယ်၍ ဘယ်သို့သော စည်းကမ်းချက်တွေနဲ့ အညံ့ခံပါ၊ လက်နက်ချပါ၊ အဲဒီကျမှ နိုင်သူနဲ့ရှုံးသူ ‘စကားပြောပွဲ’ လုပ်ကြမယ်လို့ ပြောလေ့ရှိတာဟာ သူ တို့ရဲ့ဝသီပါ။ ထုံးစံပါ။ ဒါဟာစစ်ဗိုလ်ချုပ်ရဲ့ အတွေးအခေါ်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ စဉ်းစားမှုခြားနားချက်လို့ ပြောရင်ရ မယ်ထင်ပါတယ်။

စစ်ဗိုလ်တွေရဲ့ ဒီလိုအတွေးအခေါ်ကို ကမ္ဘာ့စစ်ပွဲ (၂) ခုမှာလည်းတွေ့ခဲ့ကြရပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲမှာ ဂျပန်ကို အဲဒီနည်းနဲ့ လက်နက်ချခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ကတင်းခံနေတော့ မနိုင်နိုင်တဲ့နည်းနဲ့ ‘အနုမြူဗုံးကြဲချခဲ့တာပါပဲ။ ကိုးရီးယား စစ်ပွဲ (၁၉၅၀ - ၅၃ ခုနှစ်) မှာကျတော့လည်း စစ်ဗိုလ်တွေက (အမေရိကန်က မက်အာသာက) စစ်ပွဲကြာလာတာနဲ့အမျှ သူတို့ ဖက်က အကျအဆုံးများလာလို့ အနိုင်အရှုံးပြတ်ဖို့ အနုမြူဗုံးကိုသုံးချင်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးခေါင်းဆောင်ဖြစ်နေတဲ့ သမ္မတထရူးမင်းက မက်အာသာကို ‘ကိုယ်အာဏာမပိုင်တဲ့ ပေါ်လစီကိုထုတ်ပြန်ခဲ့မှု’ နဲ့ ကိုးရီးယားစစ်မြေပြင်တပ်မှူး အဖြစ်က ဖြုတ်ပစ်ခဲ့ရပါတယ်။ (တကယ်တော့ ထရူးမင်းဟာ ဂျပန်မှာအနုမြူဗုံးကြဲဖို့ အမိန့်ပေးခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက် မှာ အနုမြူဗုံးမရှိပါဘူး။ ဂျပန်ကို နာလန်မထူနိုင်အောင် အနုမြူဗုံးကြဲပြလိုက်တော့ ဆိုဗီယက်ကိုလည်း ခြောက်လှန့်ပြီးဖြစ်သွား လို့အကျိုး (၂) ခုရလိုက်ပါတယ်။ ကိုးရီးယားစစ်ပွဲမှာ တရုတ်ပြည်အပေါ် အနုမြူဗုံးကြဲမိရင် ဆိုဗီယက်က၀င်ပါရလိမ့်မယ်။ ဆိုဗီယက်မှာက အနုမြူဗုံးရှိနေပါပြီ။ ကမ္ဘာဖျက်စစ်ပွဲကြီး ဖြစ်တော့မှာသေချာသလောက်ပါ။ ဒါကြောင့် အရမ်းပြောအရမ်းလုပ် မယ့်စစ်ဗိုလ် မက်အာသာကိုအိမ်ဖြူတော်က ဖြုတ်လိုက်ရတာပါပဲ။ ဒီလိုနဲ့ သမ္မတအိုက်ဆင်ဟောင်ဝါ လက်ထက်မှာကျမှ နှစ် ဖက်စလုံးက ‘သရေပွဲ’ အဖြစ် အသိအမှတ်ပြုပြီး စစ်ကိုရပ်လိုက်တာ ဖြစ်ပါတယ်။ ကိုရီးယားစစ်ပွဲဟာ နိုင်ငံရေးနည်းနဲ့ ရှင်းမှပြီး သွားတာပါ။

ဗီယက်နမ်စစ်ပွဲမှာလည်း ဒီလိုပြသနာကြုံခဲ့ဖူးပါတယ်။ အမေရိကန်ဟာ စစ်ကိုနိုင်အောင် တိုက်နိုင်မယ်ထင်လို့ ပဲရစ် ဆွေးနွေး ပွဲတွေကိုဟန်ဆောင်လောာက်လုပ်ပြီး အချိန်ဆွဲနေခဲ့တာပါ။ ဒါပေမဲ့ စစ်ပွဲဟာ သူတို့ထင်သလိုဖြစ်ပေါ်မလာပဲ ဗြုံးဆိုအကွေ့အချိုးတခုကို ရောက်သွားပြီး အမေရိကန်တွေ အကုန်ထွက်ပြေးရတာဖြစ်ပါတယ်။ စစ်တိုက်နေတဲ့ စစ်ဗိုလ်တွေက နိုင်ရမှဿကိက်ပါတယ်။ အရှုံးအနိုင်ပြတ်ပြီးမှ စကားပြောချင်ပါတယ်။ သေနတ်နဲ့ပြောပြီးးမှ ပါးစပ်နဲ့ပြောချင်ကြတာပါ။ တကယ်တော့ ဗမာပြည်အရေးနဲ့ပတ်သက်လို့ ‘သရေပွဲ’ ထားဖို့ဆိုတဲ့ နိုင်ငံရေးနည်းနာဟာ အသစ်အဆန်းမဟုတ်ပါဘူး။ သခင် ကိုယ်တော်မှိုင်းရဲ့ ‘သူမနာကိုယ်မနာ သင်ပုန်းချေရေး’ နည်းဟာ ‘သရေပွဲ’ အဖြစ် လက်ခံတဲ့နည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒါကို ဖဆပလအစိုးရနဲ့ စစ်ဗိုလ်တွေက “အဖိုးကြီးဟာ သူပုန်တွေအတွက်ရှေ့နေလုပ်တယ်” လို့ ပစ်ပစ်ခါခါပြောပြီး အပြုတ်တိုက် ရေးကို လုပ်ကြတာနဲ့ ပြည်တွင်းစစ်ကြီးဒီနေ့အထိမပြီးမပြတ်ဖြစ်နေရတာပါပဲ။

မဆလခေတ်မှာ ဒေါက်တာမောင်မောင်ဟာ ဗိုလ်နေ၀င်းရဲ့ ရုပ်သေးရုပ်တရုပ်သက်သက်ဖြစ်ပါတယ်။ သူအာဏာရ လိုက်တဲ့ ရက်ပိုင်းလေးအတွင်းမှာပြောခဲ့တာဟာ ‘စေ့စပ်ဆွေးနွေးပွဲ’ ခေါ်တာမဟုတ်ပါဘူး။ ‘စကားပြောပွဲ’ နည်းနဲ့ အချိန်ဆွဲချင် တာပါ။ ဒါကို ဘယ်သူကမှ ၀မ်းမပါးခဲ့ဘူးဆိုတာ အဲဒီကာလဖြတ်သန်းဖူးသူတိုင်းမှတ်မိကြပါတယ်။ သူက အပျော့ဆွဲဆွဲပြီး “လူ ထုအုံကြွမှု” ကို ရပ်ပေးအောင် လှည့်စားတာဖြစ်ပါတယ်။ ကြောင်ချေးပရိယာယ်ပါ။ သူ့စကားထဲမှာ တကသ အဆောက်အဦ ကြီးကိုသူတို့ခေါင်းဆောင်မှုနဲ့ ပြန်ဆောက်ကြဖို့ဆိုတာတောင် ပါသေးတာပဲ။ ဒီစကားမျိုးကို ဗိုလ်နေ၀င်းက အပြောမခိုင်းရင် ဒေါက်တာ (ဗိုလ်) မောင်မောင် ကပြောဝံ့ပါ့မလား။”

နိုင်ငံရေးမှာ ရိုးအထုံထိုင်းနေသူ နာတတ်ပါတယ်။ ဒေါက်တာ (ဗိုလ်) မောင်မောင်ရဲ့ စကားတွေထဲမှာ ကွယ်ဝှက် ထားတဲ့ အဓိပ္ပာယ်တွေ အများကြီးပါနေတာကို သတိပြုသင့်ပါတယ်။

‘အသံတိတ်နေတဲ့အများစုကြီး’ ဆိုတဲ့စကားရဲ့အဓိပ္ပာယ်။

‘တကသ အဆောက်အဦကို ပျော်ပျော်ပါးပါး ပြန်ဆောက်ကြပါစို့’ (ထင်ပါရဲ့) ဆိုတာရဲ့အဓိပ္ပာယ်။

‘၁၉၇၄ (မဆလ) အခြေခံဥပဒေ’ ကို ပြုပြင်သင့်တာပြင်ဖို့ဆိုတဲ့ အဓိပ္ပာယ် စသဖြင့် စကားတိုင်းရဲ့ နောက်ကွယ်က အဓိပ္ပာယ်တွေကို တွေ့အောင်ကြည့်တတ်ရပါမယ်။

အလားတူပဲ ဗိုလ်သန်းရွှေတို့က ‘စကားပြောတယ်’ ဆိုတာရဲ့ နောက်ကွယ်မှာ ဖုံးဝှက်ထားတဲ့အဓိပ္ပာယ်ကိုလည်း ကျွန်တော်တို့ ထိုးထွင်းကြည်တတ်ဖို့လိုပါတယ်။ ကျွေးရင်ကျွေးတိုင်းစားတဲ့ အရွယ်တွေမဟုတ်ကြတော့ပါဘူး။

မေသမိုင်းသစ် အသင့်ပြင်

ကမ္ဘာ့ မှတ်တိုင်တရပ် ပါ့

သြဂတ်စပိုင့်ရဲ့ အရိုးတွန်သံ

နိုင်ငံတကာက ကြားခဲ့ကြ

ကမ္ဘာ့ အလုပ်သမားနေ့

မေဒေးနေ့ကြီးအဖြစ် မော်ကွန်းတင်

မေသမိုင်းစဉ်ကို လှုပ်နှိုးးပစ်ခဲ့သလို ...

ဗမာ့ မှတ်တိုင်တရပ် အဖြစ်

သြဂုတ်ရှစ်ဆယ့်ရှစ် အာဇာနည်များရဲ့အရိုးတွန်သံ

တနိုင်ငံလုံးက ပြန် ကြား ကြ

စစ်ဓါးမြ စစ်ဘီလူး စစ်အာဏာရူးများ ဆန့်ကျင်ရေး

ဗမာ့မေဒေးအသစ် မော်ကွန်းပြင်

မေသမိုင်းစဉ်ကို ထပ်ပြီး ထူ

အောင်သံတလူလူနဲ့ ပြကြဖို့ ...

ရဲဘော် တို့

မိတ်ဆွေ တို့

ပြည်သူလူထုအပေါင်း တို့ ...

မတိမ်းမစောင်း အသင့်ပြင်

သမိုင်းတွင်အောင် ကန့်ကွက်ကြ

မျက်ခြေမပြတ်

ကြက်ခြေခတ်ရုံ မက

နအဖရဲ့ကလိန်ဉာဏ်

မူမမှန်တဲ့ ဖွဲ့စည်းပုံ

အမှိုက်ပုံဆီ ပို့နိုင်ရေး

ဟစ်ကြွေး ဖေါ်ထုတ် ကန့်ကွက်ကြပါ စို့ ...

ဆန့်ကျင်မဲပေး ဆန္ဒပြကြပါ စို့ .....။

(၀င်းတင့်ထွန်း)

၆ - ၄ - ၂၀၀၈

မှတ်ချက်

သြဂတ်စပိုင့် (August Spies) = ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့အဖြစ် ဖြစ်ပေါ်စေခဲ့တဲ့။ အမေရိကန် ချီကာဂိုမှ စတင်ခဲ့တဲ့ ၁၈၈၆ မေလအလုပ်သမား သပိတ်တိုက်ပွဲအတွင်းမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ပြီး။ ကြိုးပေးစီရင် သတ်ဖြတ်ခံခဲ့ရ တဲ့ အလုပ်သမားခေါင်းဆောင်တဦး။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ ကန့်ကွက်မဲပေးကြစို့

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်

အမှတ် (၂/၂၀၀၈)

၂၆ - ၄ - ၂၀၀၈

(၁) NLD “အထူးကြေညာချက်အမှတ် ၇/၀၄/၀၈” ကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ထောက်ခံပါတယ်၊ အချိန် မီတယ်လို့လည်း ယူဆပါတယ်။

(၂) ‘အခြေခံဥပဒေ မရှိတာထက်ရှိတာက ကောင်းတယ်’ လို့ စစ်အစိုးရကရော၊ သူ့နောက်လိုက်နောက်ပါများကပါ ပြောဟော ရေးသားနေကြတာ တွေ့ရပါတယ်။ ဒါဟာ သူတို့ရေးဆွဲထားတဲ့ ‘အခြေခံဥပဒေ’ မှာ ချို့ယွင်းအားနည်းချက်တွေ အ များကြီးရှိနေကြောင်းကို တဖက်လှည့်နဲ့ ၀န်ခံနေတာဖြစ်ပါတယ်။ ‘ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ’ မှာ ပြည်သူလူထုက ကန့်ကွက်မဲ တွေပေးပြီး ပယ်ချမှာကို အစိုးရိမ်ကြီး စိုးရိမ်နေကြောင်းကိုလည်း ပြသတာဖြစ်ပါတယ်။ သူတို့ရေးဆွဲထားတဲ့ ‘အခြေခံဥပဒေ’ မှာဖြင့်ရင် ဘယ်အချက်တွေ ဘယ်အချက်တွေကတော့ ကောင်းကွက်တွေရှိပါတယ်ဆိုတာကို ရှင်းမပြနိုင်ဘဲ ‘မရှိတာထက် ရှိ တာက ကောင်းတယ်’ လို့သာ ပြောနေရတာ ဖြစ်ပါတယ်။

အဲဒီလောဂျစ် (ယုတ္တိဗေဒ) မှားပါတယ်။ ‘ဆေးမသောက်ဘဲနေတာထက် ဆေးသောက်တာ ကောင်းတယ်’ ဆိုပြီး အဆိပ်ဆေး ကို ဇွတ်တိုက်နေတဲ့လောဂျစ်ပဲ ဖြစ်ပါတယ်၊

(၃) ပြည်သူလူထုမှာ အားလုံးထောက်ခံနိုင်တဲ့ ‘အခြေခံဥပဒေ’ ရှိပါတယ်။ အဲဒါက ‘၁၉၄၇ အခြေခံဥပဒေ’ ဖြစ်ပါ တယ်။ အမျိုးသားညီညွှတ်ရေးအခြေခံနဲ့ ရေးထားတာဖြစ်ပါတယ်။ ခေတ်နဲ့အညီပြုပြင် (update) လုပ်ဖို့ပဲ လိုကောင်းလိုပါ လိမ့်မယ်။

အခြေခံဥပဒေမူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ တရားမျှတမှုမရှိ အန်အယ်လ်ဒီပြော

ဧရာဝတီ-ကိုသက် | ဧပြီ ၂၄၊ ၂၀၀၈

စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ၊ နည်းဥပဒေတို့တွင် ပါဝင်သည့်အချက်များသည် လွတ်လပ်မှုနှင့် တရားမျှတမှုမရှိကြောင်းကို အန်အယ်လ်ဒီပါတီက ပြောဆိုလိုက်သည်။

အန်အယ်ဒီပါတီက ယနေ့ထုတ်ပြန်လိုက်သည့် အထူးကြေညာချက်တွင် ဖွဲ့စည်းပုံမူကြမ်း၏ အခန်းတချို့တွင် ဆန္ဒမဲ ပေးခွင့်ရှိသူ လေးပုံတပုံကျော်၏မဲဖြင့် ဖွဲ့စည်းပုံမူကြမ်းအား အလွယ်တကူအတည်ပြုနိုင်ရန်ဖန်တီးထားပြီး ပြဌာန်းချက်များ ပြန်လည်ပြင်ဆင်ခွင့်၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲဖြင့် ပြင်ဆင်ရမည်ဟု အလွယ်တကူပြင်ဆင်ခွင့်မရအောင် ပြဌာန်းထားကြောင်း ထောက်ပြဝေဖန်ထားသည်။

မဲဆန္ဒရှင်များအား တားမြစ်ချက်နှင့် အပြစ်ဒဏ်များသတ်မှတ်ထားသော်လည်း ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်အဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဖောက်ဖျက်ခြင်း၊ စောင့်ထိန်း လိုက်နာရမည့်ကျင့်ဝတ်များကို ချိုးဖောက်ခြင်းတို့အတွက် တားမြစ်ချက်နှင့်အပြစ်ဒဏ်များ မသတ်မှတ်ထား သဖြင့် ဆန္ဒခံယူပွဲဥပဒေနှင့် နည်းဥပဒေ တို့သည်လည်း စံချိန်စံညွှန်းမမီကြောင်း ကြေညာချက်ကဆိုသည်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းညွန့်က “ကျနော်တို့ကြားတာက စက်မှုဝန်ကြီးဌာနက သူ့ဝန်ထမ်းတွေကို
ဝန်ကြီးရုံးမှာစုပြီး မဲပေးခိုင်းတာမျိုး၊ ရန်ကုန်မြို့တော်စည်ပင်ရုံးမှာ စည်ပင်ဝန်ထမ်းတွေကို စုခေါ်ပြီး မဲပေးခိုင်းတာမျိုးတို့က ကိုယ်ပြဌာန်းတဲ့နည်းဥပဒေကို ကိုယ်မလေးစားတဲ့သဘော သက်ရောက်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

အန်အယ်လ်ဒီ၏အထူးကြေညာချက်တွင် ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးလျှင် ကျောင်းသားဖြစ်ပါက ကျောင်းထုတ်ပြီး
ဝန်ထမ်းဖြစ်ပါက အလုပ်ထုတ်မည်၊ လယ်သမား ယာသမားများကို လယ်ယာမြေသိမ်းမည်ဟူသည့် ခြိမ်းခြောက် ပြောဆိုမှုများကို ကြားသိနေရကြောင်းလည်း ရေးသားထားသည်။

မဲရေတွက်ရာ၌လည်း ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲစာရင်းများကို စုပေါင်းစာရင်းချုပ်သည့်အချိန်တွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ပြည်သူလူထုက စောင့်ကြည့်လေ့လာခွင့်မရှိခြင်းတို့သည် ပွင့်လင်းမြင်သာမှုမရှိဘဲ မမှန်မကန်လုပ်နိုင်သော အခွင့်အရေးများကို ရရှိစေသည်ဟုလည်း ကြေညာချက်က ဆိုသည်။

အာဏာပိုင်တို့က မည်သို့ပင် ဟန့်တားနှောင့်ယှက်မှုများရှိနေပါသော်လည်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြောက်ရွံ့ စိုးရိမ်ခြင်းမရှိဘဲ မဲရုံသို့သွားကာ ကန့်ကွက်မဲထည့်ကြရန် တိုက်တွန်းထားသည်။

ယခုလဆန်းပိုင်းကလည်း အန်အယ်လ်ဒီပါတီက ဆန္ဒခံယူပွဲ၌ကန့်ကွက်မဲပေးကြရန် မဲဆန္ဒရှင်ပြည်သူများအား ကြေညာချက်ထုတ်ကာ တိုက်တွန်းခဲ့သည်။

မြန်မာသံရုံး ၀န်ထမ်းအများစု ကန့်ကွက်မဲပေး ပြန်ခေါ်လျှင် နိုင်ငံရေးခိုလှုံခွင့် တောင်းမည်

NEJ/ ၂၄ ဧပြီ ၂၀၀၈

နိုင်ငံခြားမြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်နေသည့် သံရုံးအရပ်သား ၀န်ထမ်းအတော်များများက ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈) အ တွက် ကန့်ကွက်မဲ ပေးကြသည်ဟု အမည် မဖော်လိုသည့် သံရုံးဝန်ထမ်းတဦးက ပြောသည်။

နိုင်ငံခြားရှိ မြန်မာသံရုံး အရပ်သားဝန်ထမ်းများကို ကန့်ကွက်မဲပေးသည့်အတွက် မြန်မာနိုင်ငံ သို့ပြန်ခေါ်လျှင် သက်ဆိုင်ရာနိုင်ငံများတွင် နိုင်ငံရေးခို လှုံခွင့်တောင်းမည့် အလားအလာရှိသည်ဟုပါ ဥပရောပအခြေစိုက် မြန်မာသံရုံးနှင့်နီးစပ်သည့် အသိုင်းအ၀န်းကပြောသည်။ အထူးသဖြင့် ရာထူးငယ်သည့် နိုင်ငံ ခြားမြန်မာသံရုံး အရပ်ဘက်ဝန်ထမ်းများက ကန့်ကွက်မဲ ထည့်ကြသည်ဟု ပြောသည်။

ပြည်ပရောက် မြန်မာများပြည်ပရှိ မြန်မာသံရုံးများ၌ မဲပေးရာတွင် ဧပြီ (၂၃) မှ (၂၅) ရက်အတွင်း အပြီးဆောင်ရွက်သည့် သံရုံးများရှိသကဲ့သို့ အချို့ မြန်မာသံရုံးများက ဧပြီ (၂၇) အထိမဲပေးနိုင်သည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။ မဲပေးရာတွင် မြန်မာသံအမတ်ကြီးများအနေဖြင့် တတ်နိုင်သမျှ ထောက်ခံမဲရရေး စည်းရုံးရန်အတွက်ပါ နိုင်ငံခြားရေးဝန်ကြီးဌာနက လျှို့ဝှက်ညွှန်ကြားထားသည်ဟု စုံစမ်းသိရသည်။

ဥရောပနိုင်ငံအတော်များများရှိ မြန်မာသံရုံးများ၌ ပြည်ပရောက် မြန်မာများ၏ (၈၀) ရာနှုန်းကျော် က ကန့်ကွက်မဲပေးသည်ဟု အမည်မဖော်လိုသည့် သံရုံးသတင်းရပ်ကွက်တခုက ပြောသည်။

မြန်မာနိုင်ငံဖြစ် စက္ကူပါးပါးပေါ်တွင် အမှားအမှန် ခြစ်ခိုင်းသည့်အတွက် ထောက်ခံမဲ၊ ကန့်ကွက်မဲကို မြင်နေရသည်။ သို့သော် သံအမတ်ကြီးများက မဲ ရေတွက်ခွင့်မရှိဘဲ နေပြည်တော်တိုက်ရိုက်ပို့ရမည် ဖြစ်သည့်အတွက် နောက်ဆုံးမည်သို့ အဖြေထွက်မည်ကို မသိနိုင်ပါဟု အဆိုပါသတင်း ရပ်ကွက်ကပြောသည်။

သံရုံးဝန်ထမ်းများသည် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ၀န်ထမ်းများဖြစ်ပြီး နေပြည်တော်ပြောင်းရွှေ့ရပြီးနောက်ပိုင်း စစ်အစိုးရအပေါ် နာ ကြည်းစိတ် ပိုများလာခြင်းဖြစ်သည်ဟု နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းတဦးက ပြောသည်။ စစ်တပ်ကခန့်ထားသည့် မြန်မာသံအမတ်ကြီး အတော် များများ အဂတိလိုက်စားသည်ကို မြင်သိနေသည့်အတွက် သံရုံးဝန်ထမ်းများ ပို၍ မကျေမနပ်ဖြစ်ရသည်ဟုပါ ၎င်းက ဆက်လက်ပြောသည်။

နေပြည်တော် ပြောင်းရွှေ့ရသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ထမ်းများ သောက်ရေမသန့်၍ ကျန်းမာရေး ချို့တဲ့နေချိန်တွင် ထိပ်ပိုင်းစစ်ခေါင်း ဆောင်များက သောက်ရေသန့်ဖြင့် ရေချိုးသည်ကို သိရသဖြင့် ၀န်ထမ်းများကြား ပို၍မကျေနပ်မှုများလာသည်ဟု နေပြည်တော်မှ အရာရှိတဦးက ပြောသည်။ ။

မြန်မာစစ်အစိုးရကို ဆက်လက်ဖိအားပေးရန် ဥရောပ ပါလီမန်က ဆုံးဖြတ်

ဧရာဝတီ-အေးချမ်းမြေ့| ဧပြီ ၂၄၊ ၂၀၀၈

ဥရောပ ပါလီမန်အနေနှင့် မြန်မာစစ်အစိုးရကို ဆက်လက် ဖိအားပေးရန် ဧပြီ ၂၃ရက်နေ့က ပြင်သစ် နိုင်ငံ စထရင်းဘူဝါ မြို့တွင် ဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်း ပါလီမန်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

မြန်မာပြည်အတွက် ချမှတ်ထားသည့် ဆုံးဖြတ်ချက်မူကြမ်းအရ ဥရောပပါလီမန်သည် မြန်မာစစ်အစိုးရအပေါ် နိုင်ငံရေးအရ ဖိအားပေးမှုများကို ဆက်တိုက် အားစိုက်၍ ပြုလုပ်သွားမည်ဟု သိရသည်။

အကြောင်းမှာ စစ်အစိုးရအနေနှင့်အခြေခံဥပဒေမူကြမ်း ရေးဆွဲရာတွင်လည်းကောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပမည့် ကိစ္စရပ်တွင်လည်း ကောင်း၊ အမျိုးသားညီလာခံ ကျင်းပခဲ့ရာတွင်လည်းကောင်း နိုင်ငံရေးအရလိုက်နာရမည့် စည်းကမ်းချက်များကို လိုက်နာခဲ့ခြင်းမရှိသောကြောင့်ဟု ၎င်းဝက်ဘ် ဆိုက်တွင် ရေးသားဖော်ပြထားသည်။

“မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲကျင်းပတဲ့ပုံစံကို ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ မမြင်ဘူးတဲ့အတွက် ဥရောပ ပါလီ မန်က ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေမှာ ဒီမိုကရေစီကျတဲ့အခြေခံ လွတ်လပ်ခွင့်လေးတွေတောင် မရှိဘူး။ အခြေခံဥပဒေမူကြမ်း စာအုပ် ကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဝေဖန်ခွင့်မရှိဘူး” ဟု ဥရောပ ပါလီမန်၏ ဆုံးဖြတ်ချက် မူကြမ်းတွင် ရေးသား ဖော်ပြထားသည်။

ဆက်လက်၍ ပါလီမန်အနေနှင့် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး ပြတ်သားစွာ ရပ်တည် သွားမည် ဖြစ်ကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဖော်ဆောင် နိုင်ဖို့ တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်နိုင်ရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ဖော်ပြထား သည်။

“ဥရောပကော်မရှင်ရဲ့ ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်မယ့်မူဝါဒကတော့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့် မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေး ရေးတွေ ပြုလုပ်လာဖို့ ကျိုးစားသွားဖို့ပဲ ဖြစ်ပါတယ်” ဟု ဆုံးဖြတ်ချက် မူကြမ်းတွင် ဖော်ပြပါ ရှိသည်။

ဆက်လက်၍ “ ပါလီမန်အနေနဲ့ မြန်မာနိုင်ငံကို ရည်ရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်မှုတွေ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ တည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ ရှိလာဖို့လည်း တောင်းဆို ချင်ပါတယ်။ ဒီမိုကရေစီနိုင်ငံ တခုအနေနဲ့ တန်ဖိုးမြှင့်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စည်းမျဉ်း ဥပ ဒေအရ ဆောင်ရွက်လာနိုင်ပါလိမ့်မယ်” ဟု ဖော်ပြထားသည်။

ပါလီမန်က မြန်မာပြည်၏ အင်အားကြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော တရုတ်၊ အိန္ဒိယ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများကိုလည်း ဒီမိုက ရေစီ အသွင်ကူးပြောင်းရေးတွင် ပါဝင် ကူညီနိုင်ဖို့ ပိုမိုအာရုံစိုက်ကာ ချဉ်းကပ်သွားမည်ဟု ဆိုထားသည်။

ဥရောပ ပါလီမန်အနေနှင့် မြန်မာစစ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများနှင့် မြန်မာစစ်အစိုးရနှင့် နီးကပ်ပတ်သက်နေသော စီးပွားရေး လုပ်ငန်းများကို ကျယ်ပြန့်စွာ ပိတ်ဆို့ အရေးယူ ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍လည်း တဦးချင်းစီ ပစ်မှတ်ထား၍ အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

မြန်မာစစ်ဗိုလ်များ၏ မိသားစုပိုင် စီးပွားရေးလုပ်ငန်းများ၊ ဆေးကုသခွင့်၊ နိုင်ငံခြား ဈေးဝယ်ထွက်ခြင်းများနှင့် နိုင်ငံခြားပညာသင်သွားခြင်းများကို အဓိ က ပစ်မှတ်ထား ပိတ်ဆို့အရေးယူသွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဘဏ်များတွင်ဝင်နေသည့် ၎င်းတို့၏ငွေကြေးများကို တဦးချင်းအတွက် ကန့်သတ်ပိတ်ပင် သွားမည်ဟု ပါလီမန်က ထုတ်ပြန်သည့် မူကြမ်းတွင် ဖော်ပြထားသည်။

ဥရောပပါလီမန်အနေနှင့် ကမ္ဘာ့နိုင်ငံများကို မြန်မာနိုင်ငံအား လက်နက်ရောင်းချခြင်းမပြုရန် ပြင်းထန်စွာ တားမြစ်ပိတ်ပင်ခဲ့သော်လည်း တရုတ်၊ ရုရှား နှင့် အိန္ဒိယနိုင်ငံတို့က မြန်မာပြည်လက်နက်ရရေးအတွက် ကူညီခဲ့သည်။ သို့ရာတွင် ယခုမှစ၍ ကမ္ဘာ့နိုင်ငံအားလုံးက လက်နက်မရောင်းချနိုင်ရန် အလေးထား ပိတ်ပင်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

ဆက်လက်၍ ပါလီမန်က မြန်မာစစ်အစိုးရကို လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းနိုင်ရေးအတွက် စည်းဝေးခေါ်ရန်၊ မဲပေးနိုင်မည့် လူ စာရင်းကို စည်းစနစ်ကျနစွာ ပြုစုရန်၊ မီဒီယာများကို လွတ်လပ်စွာ စောင့်ကြည့်ခွင့်ပေးရန်၊ အဖွဲ့အစည်းအသီးသီးကို လွတ်လပ်ခွင့်ပေးရန်၊ အပြည်ပြည်ဆိုင်ရာမှ လေ့လာသူများကို ဆန္ဒခံယူပွဲသို့ တက်ရောက် လေ့လာခွင့်ပြုရန် စသည်ဖြင့် တောင်းဆိုထားသည်။

နောက်ဆုံးအနေဖြင့် ဥရောပပါလီမန်က ဥရောပကော်မရှင်ကို မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အတိုက်အခံ အင်အား စုများကို ပိုမိုထောက်ပံ့မှုများပြုရန် တောင်းဆိုထား၏။ ၎င်းပြင် တိုးများလာသော နယ်စပ်သို့ဖြတ်ကျော် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များကို လူသားချင်း စာနာ သည့် ကူညီမှုများ ပြုလုပ်ပေးရန်လည်း တောင်းဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ နိုင်ငံခြားရေးဌာနမှ ကိုညိုအုန်းမြင့်က ဥရောပ ပါလီမန်၏ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ပြောကြားသည်။

“ဥရောပသံတမန်တွေက ကျနော့်ကို ပြောဖူးတယ်။ တရုတ်နိုင်ငံလို အမြဲထောက်ပံ့နေတဲ့နိုင်ငံကတောင် မြန်မာစစ်အစိုးရကို စိတ်ပျက်လာပြီတဲ့။ ဥ ရောပ သမဂ္ဂမှာပါတဲ့နိုင်ငံ ၂၇ နိုင်ငံကတော့ အာဆီယံနိုင်ငံတွေလိုမဟုတ်ဘဲ မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုအလေးထား ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ကိုညိုအုန်းမြင့်က ဆက်ပြောသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ရန်ကုန်မြို့မှ မဲပေးခွင့်ရသူ (၄) သန်းကျော်သာရှိ

NEJ/ ၂၄ ဧပြီ ၂၀၀၈

မေလ (၁၀) ရက်တွင် ကျင်းပမည့် ဆန္ဒခံယူပွဲတွင် ရန်ကုန်မြို့မှ မဲပေးခွင့်ရသူ စုစုပေါင်းမှာ လူဦးရေ (၄) သန်းကျော်ရှိသည်ဟု ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်ကို ကိုးကားပြီး ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ရန်ကုန်မြို့တွင် နေထိုင်သူ လူဦးရေ (၆) သန်းကျော်ရှိပြီး ကျန်သည့် မြို့ရွာများတွင် နေထိုင် ကြသော လူဦးရေ စုစုပေါင်းမှာ (၅၆.၅) သန်း ရှိသည်ဟု ဆိုသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ရန်ကုန်တိုင်း ကော်မရှင် အစီရင်ခံစာအရ ရန်ကုန်မြို့တွင် မဲရုံအရေအတွက်ပေါင်း (၂,၅၀၀) ခုကို ပြင်ဆင်ထားပြီး မဲရုံတခုလျှင် မဲပေးသူ (၁၀၀) ဦးမှ (၃,၀၀၀) ဦးအထိ မဲပေးနိုင်ရန် စီစဉ်ထားကာ မဲရုံတိုင်းတွင် မိမိဆန္ဒအလျှောက် လျှို့ဝှက်စွာ မဲပေးနိုင်မည့် နေရာများကိုလည်း စီစဉ်ပေးထားကြောင်း သတင်းတွင် ပါရှိသည်။

ဆန္ဒခံယူပွဲ မကျင်းပမီ တပတ်အလိုတွင် မဲပေးမည့်သူ စာရင်းကို ကြေညာမည်ဖြစ်ပြီး ဆန္ဒခံယူပွဲ ကျင်းပရေး ရန်ကုန်တိုင်း ကော်မရှင်က ကျင့်သုံးနေပြီဖြစ်သည့် ၂၀၀၈ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆန္ဒခံယူပွဲ ဥပဒေကို ကိုးကား၍ မဲပေးခွင့်ရသူ တဦးအနေဖြင့် တကြိမ်လျှင် မဲတမဲသာ ပေးရမည်ဟုလည်း ဆိုသည်။

မဲရုံများကို ဒေသစံတော်ချိန် မနက် (၆း၀၀) နာရီတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ညနေ (၄း၀၀) နာရီတွင် မဲရုံပိတ်မည်ဖြစ်ပြီး မဲပေးမည့်စနစ်ကို နိုင်ငံတကာစံချိန်မီ လွတ်လပ်ပြီး တရားမျှတမှုရှိရန် စီစဉ် သွားမည်ဟု ကော်မရှင်ကဆိုသည်။

သင်္ကြန်ပွဲတော်ပြီး နောက်ပိုင်းတွင် မြန်မာအစိုးရ မီဒီယာသည် မေလ (၁၀) ရက်နေ့တွင် ကျင်းပ မည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် သတင်းလှုပ်ရှားမှုများ ပြုလုပ်နေခဲ့ပြီး မြန်မာပြည်သူများ ကိုလည်း အမျိုးသားညီလာခံ ကာလ တလျှောက်လုံး ရေးဆွဲလာခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်ရေးအတွက် ထောက်ခံမဲများ ပေးကြရန် တောင်းဆိုနေသည်။ ။

ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ မြန်မာများ ရှုပ်ထွေးနေဆဲဟု သဘောထားစစ်တမ်းက ပြဆို

မဇ္ဈိမသတင်းဌာန-ဧပြီ ၂၄ ရက် ၂၀၀၈

နယူးဒေလီ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုမည့် ဆန္ဒခံယူပွဲ ကျင်းပရန် ရက်သတ္တ ၃ ပတ်ပင် မလိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံသား အများစုကြီးမှာ မည်သို့ ဆန္ဒပြုရမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရှုပ်ထွေးနေဆဲ ရှိသည်။ ဤသို့ ဖြစ်နေသော်လည်း မြန်မာစစ်အစိုးရ၏ ထောက်ခံဆန္ဒမဲ ပေးကြရန် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများမှာမူ အရှိန်ရလျက် ရှိသည်။

လာမည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ မဇ္ဈိမက ကျဘမ်း သဘောထားစစ်တမ်း တရပ် ကောက်ယူခဲ့ရာ ဖြေဆိုသူ အများစုက ဆန္ဒခံယူပွဲတွင် မည်သို့ မဲပေးရမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရှိသည်ဟု ဖြေကြားခဲ့ကြသည်။

မြန်မာနိုင်ငံတဝှမ်း အဓိကမြို့ကြီးများတွင် တယ်လီဖုန်းနှင့် ကျဘမ်း ခေါ်ဆိုမေးမြန်းမှု ၂၂၆ ခု ပြုလုပ်ခဲ့ရာ၂၄ ဦးက ဆန္ဒခံယူပွဲတွင် မဲပေးမည် မဟုတ်ဟု ဖြေကြားခဲ့ကြပြီး ၅၅ ဦးက မဲပေးရမည်၊ မပေးရမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရှိသည်ဟု ဖြေကြားခဲ့ကြသည်။

ယခု စစ်တမ်း ကောက်ယူမှုသည် ပိုမိုကြီးမားသည့် စစ်တမ်း ကောက်ယူမှု၏ အစိတ်အပိုင်း တရပ်ဖြစ်ပြီး အစိုးရဝန်ထမ်းများ၊ လမ်းဘေးဈေးသည်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုန်သည်များ၊ အိမ်ရှင်မများ၊ ပညာရှင်များ၊ တပ်မတော် တပ်ဖွဲ့ဝင်များနှင့် အငြိမ်းစားများ အပါအဝင် မြန်မာနိုင်ငံတဝှမ်း မြန်မာလူ့အဖွဲ့အစည်း တရပ်လုံးကို ကျယ်ပြန့်စွာ ဆက်သွယ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မဲပေးမည်ဟု ဖြေဆိုခဲ့သူ ၁၄၇ ဦးအနက် ၅၅.၁ % ဖြစ်သော ၈၁ ဦးက မည်သည့်ဘက်သို့ မဲပေးရမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရှုပ်ထွေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။ ၄၆ ဦးကမူ စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ထောက်ခံမဲ ပေးမည်ဟု ဖြေဆိုခဲ့ပြီး ၂ဝ ဦးကမူ ကန့်ကွက်မဲပေး ပယ်ချမည်ဟု ဖြေဆိုခဲ့သည်။

ရန်ကုန်

ရန်ကုန်မြို့ရှိဖြေဆိုသူ ၄၅ ဦးအနက် ၅၇.၇ % ဖြစ်သော ၂၆ ဦးက ဆန္ဒခံယူပွဲတွင် မဲပေးမည်ဟု ဖြေဆိုခဲ့ပြီး ၁ဝ ဦးကမူ မဲမပေးဘဲ ကြားနေမည်ဟု ဖြေဆိုခဲ့သည်။

သို့သော် ၉ ဦးကမူ မဲပေးသင့်သလား သို့တည်းမဟုတ် ဤဖြစ်စဉ် တရပ်လုံးနှင့် မပတ်သက်ဘဲ ဝေးဝေး နေသင့်သလား ဆိုသည်ကို ရှုပ်ထွေးနေဆဲပင် ဖြစ်သည်ဟု ဆိုသည်။

ဤဖြေဆိုသူများထဲမှ မြန်မာ့ ရေတပ်မတော် အရာရှိတဦးတည်းကသာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ရှုပြီး ဖြစ်သည်ဟု ဖြေဆိုခဲ့ပြီး ကျန်ဖြေဆိုသူ အားလုံးက မဖတ်ရှုရသေးကြောင်းနှင့် မည်သည့် အကြောင်းအရာများ ပါဝင်သည်ကို မသိရှိကြောင်း ဖြေဆိုခဲ့ကြသည်။

မဲပေးမည်ဟု ဖြေဆိုခဲ့သူများထဲမှ ဌာနအသီးသီးရှိ အစိုးရ ဝန်ထမ်းများချည်း ဖြစ်သော ဝန်ထမ်း ၆ ဦးက ဖွဲ့စည်းပုံ ဥပဒေကို ထောက်ခံမဲ ပေးမည်ဟု ဖြေဆိုခဲ့ပြီး ၉ ဦးကမူ ကန့်ကွက်မဲပေး ဆန့်ကျင် ပယ်ချမည်ဟု ဖြေဆိုခဲ့သည်။ ထက်ဝက်ကျော် ဖြစ်သည့် ၁၇ ဦးကမူ မဆုံးဖြတ်ရသေးကြောင်း ဖြေကြားခဲ့သည်။

မန္တလေး

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သည့် မန္တလေးက ၃၂ ဦးဖြေဆိုခဲ့ပြီး ၆၈.၇၅ % ဖြစ်သည့် ၂၂ ဦးက မေလ ဆန္ဒခံယူပွဲတွင် မဲပေးမည်ဟု ဖြေကြားခဲ့ပြီး ကျန် ၁ဝ ဦးကမူ မဲပေးရမည်၊ မပေးရမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောဆိုခဲ့သည်။

မဲပေးမည်ဟု ဖြေဆိုခဲ့သည့်သူများအနက် ၅၉ % ဖြစ်သည့် ၁၃ ဦးက မည်သည့်ဘက်သို့ မဲပေးရမည်ကို ဆုံးဖြတ်ခြင်း မပြုမီ ဖြစ်စဉ် တရပ်လုံးကို ဆက်လက် စောင့်ကြည့်သွားမည်ဟု ပြောဆိုသွားသည်။

လမ်းဘေးဈေးသည်၊ ကောလိပ်ကျောင်းသားနှင့် ကုမ္ပဏီ မန်နေဂျာတို့ ဖြစ်ကြသော ၃ ဦးကမူ ဖွဲ့စည်းပုံ ဥပဒေကို ထောက်ခံမဲပေးမည်ဟု ဖြေကြားခဲ့ပြီး ၃ ဦးကမူ ကန့်ကွက်မဲပေး ပယ်ချမည်ဟု ဖြေဆိုခဲ့သည်။

သို့သော် ဖြေဆိုသူ ၃၂ ဦးလုံးထဲမှ ၂၂ ဦးက ဖွဲ့စည်းပုံ အခြခံဥပဒေကို မဖတ်ရှုရသေးဟု ပြောဆိုခဲ့ပြီး ၁ဝ ဦးကသာ မြင်ဖူးကြောင်း၊ ဖတ်ပြီးကြောင်းနှင့် ဤဖွဲ့စည်းပုံဥပဒေကို အကြမ်းဖျဉ်း နားလည်ကြောင်း ပြောဆိုသွားသည်။

မကွေးတိုင်း

မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်း မကွေး၊ ပခုက္ကူနှင့် ရေနံချောင်း မြို့များသို့ ကျဘမ်းခေါ်ဆို မေးမြန်းခဲ့ရာ စုစုပေါင်း ၃၉ ဦးအနက် ၆၁.၅ % ဖြစ်သည့် ၂၄ ဦးက မေလ ဆန္ဒခံယူပွဲတွင် မဲပေးမည်ဟု ဖြေကြားခဲ့သည်။

ဖြေဆိုသူ ၁၂ ဦးက မဆုံးဖြတ်ရသေးကြောင်း ဖြေဆိုခဲ့ပြီး၊ ၃ ဦးကမူ စစ်အစိုးရ၏ ဤဖြစ်စဉ် တရပ်လုံးနှင့် ဝေးဝေးသာ နေလိုကြောင်း ဖြေကြားသွားကြသည်။

မဲပေးမည်ဟု ဖြေဆိုခဲ့သော ၂၄ ဦးအနက် ၅ ဦးက စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေကို ထောက်ခံမည်ဟု ဖြေဆိုခဲ့ပြီး၊ အခြား ၅ ဦးက ဖွဲ့စည်းပုံ ဥပဒေကို သိရှိခြင်း မရှိသဖြင့် ကန့်ကွက်မဲ ပေးမည်ဟု ဖြေဆိုသွားသည်။ ကျန် ၁၄ ဦးကမူ မဲပေးမည် ဖြစ်သော်လည်း မဆုံးဖြတ်ရသေးကြောင်းနှင့် နောင်မှ ဆုံးဖြစ်မည် ဖြစ်ကြောင်း ပြောဆိုသွားသည်။

ဖြေဆိုသူအားလုံး ၃၉ ဦးထဲမှ ၃ ဦးထဲကသာ ဖွဲ့စည်းပုံဥပဒေကို ကြည့်ခွင့်ရခဲ့ကြောင်းနှင့် ကျန်သူများက မမြင်ဖူးသေးကြောင်း ဖြေကြားသွားကြသည်။

ပဲခူးတိုင်း

ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ ပြည်၊ ဇီးကုန်းနှင့် သာယာဝတီ မြို့များရှိ ၉၂ ဦးကို ကျဘမ်းခေါ်ယူ ဆက်သွယ်ခဲ့ရာ ၃ဝ ဦးက သာ လက်ခံ ဖြေဆိုခဲ့သည်။ အများစုက မဇ္ဈိမသတင်းဌာနက လာမည့် ဆန္ဒခံယူပွဲတွင် မည်သို့ မဲပေးကြမည်ကို ဆက်သွယ် မေးမြန်းခြင်း ဖြစ်ပါကြောင်း ပြောဆိုလိုက်သည်နှင့် ဖုန်းများ ချပစ်လိုက်ကြသည်။

လက်ခံဖြေဆိုခဲ့သူ ၃ဝ ဦးအနက် ၈၆ % ဖြစ်သော ၂၆ ဦးက ဆန္ဒခံယူပွဲတွင် မဲပေးမည်ဟု ဖြေဆိုခဲ့ပြီး၊ ၃ ဦးက မဆုံးဖြတ်ရသေးကြောင်း ဖြေကြားသွားကာ တဦးကမူ ဤဖြစ်စဉ် တရပ်လုံးနှင့် မပတ်သက်ဘဲ နေလိုပြီး မဲပေးမည် မဟုတ်ဟု ပြောကြားသွားသည်။

ပြည်၊ သာယာဝတီနှင့် ဇီးကုန်းမြို့များမှ ဖြေဆိုသူ ၁၁ ဦးက မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံတရပ် ရှိရန် အရေးကြီးသည့်အတွက် ထောက်ခံမဲ ပေးမည်ဟု ဖြေဆိုခဲ့ပြီး၊ အခြား ၁၁ ဦးကမူ ထောက်ခံမဲ ပေးမည်၊ ကန့်ကွက်မဲ ပေးမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောဆို ဖြေကြားသွားကြသည်။

သို့သော် ၄ ဦးကမူ ဖွဲ့စည်းပုံ ဥပဒေကို ကန့်ကွက်မဲပေး ပယ်ချမည် ဖြစ်ကြောင်း ဖြေဆိုသွားသည်။

သာယာဝတီမြို့မှ အသက် ၅ဝ ခန့်ရှိ ပညာတတ် ပုဂ္ဂိုလ်တဦးက “ကျနော် မမြင်ဖူးသေးတဲ့ဟာကို သဘောမတူနိုင်ဘူးဗျ” ဟု ဖြေဆိုသွားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းသည် သူတို့မြို့သို့ မကြာမီကမှသာ ရောက်ရှိလာခဲ့ကြောင်း ညည်းညူ ပြောဆိုသွားသည်။

ပဲခူးတိုင်းအတွင်းရှိ ဖြေဆိုသူ ၃ဝ အနက် ၅ ဦးကသာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ရှုပြီးကြောင်းနှင့် အကြမ်းဖျဉ်း နားလည်ကြောင်း ဖြေကြားသွားသည်။

ဧရာဝတီတိုင်း

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့် ဧရာဝတီတိုင်းအတွင်း ဟင်္သာတ၊ မအူပင်၊ ပုသိမ်၊ ငပုတော၊ မြောင်းမြနှင့် လပွတ္တာမြို့များရှိ လူ ၆ဝ ဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့ရာ ၆၆.၆ % ဖြစ်သော ၄ဝ ဦးက ဆန္ဒခံယူပွဲတွင် မဲပေးရန် ဆုံးဖြတ်ပြီးကြောင်း ဖြေဆိုသွားသည်။

၎ ဦးကမူ ဖွဲ့စည်းပုံ အခြခံဥပဒေထဲတွင် ဘာတွေ ရေးထားကြောင်း မသိရှိရသဖြင့် မဲပေးရန် ဆန္ဒမရှိကြောင်း ပြောဆိုသွားပြီး၊ ၂၈.၃ % ဖြစ်သည့် ၁၇ ဦးက ဖြစ်စဉ်ကို ဆက်လက် စောင့်ကြည့်ပြီး နောက်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖြေဆိုသွားသည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ၃၄ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မမြင်ဖူးသေးကြောင်းနှင့် မည်သည့် အကြောင်းအရာများ ပါဝင်သည်ကို မသိရှိကြောင်း ဖြေဆိုသွားပြီး၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရအမှုထမ်း အများစုဖြစ်ကြသော ၂၆ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြင်တွေ့ပြီးကြောင်းနှင့် ပါဝင်သည့် အကြောင်းအရာများကို အတော်အသင့် နားလည် သဘောပေါက်ကြောင်း ဖြေဆိုသွားကြသည်။

စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့နှင့် မုံရွာမြို့များရှိ လူ ၂ဝ ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ၉ ဦးက မဲပေးရန် အသင့်ဖြစ်ကြောင်းနှင့် ၅ ဦးက မဆုံးဖြတ်ရသေးကြောင်း ဖြေဆိုသွားသည်။

အခြား ၆ ဦးကမူ ဤဖြစ်စဉ် တရပ်လုံးနှင့် မပတ်သက်ဘဲ နေမည်ဖြစ်ပြီး စစ်အစိုးရကို သပိတ်မှောက်သည့် အနေဖြင့် မဲမပေးဘဲ နေကြမည်ဟု ဖြေဆိုသွားကြသည်။

မုံရွာမြို့မှ အငြိမ်းစား စစ်မှုထမ်းဟောင်း၊ (စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် အရပ်သား အသင်းအဖွဲ့) ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ဝင်တဦးနှင့် ကြည်းတပ် ဗိုလ်မှူးတို့ကမူ မိမိတို့သည် စစ်အစိုးရ၏ အမှုထမ်းများ ဖြစ်ကြသဖြင့် အခြားရွေးချယ်စရာ မရှိ၊ ထောက်ခံရမည်သာ ဖြစ်ကြောင်း ဖြေဆိုသွားသည်။

ဖြေဆိုခဲ့သူ ၂ဝ အနက် ၁၅ ဦးက ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို မမြင်ဖူးသေးဘဲ မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကိုလည်း မသိရှိကြောင်း ဖြေဆိုသွားပြီး၊ အခြား ၅ ဦးကသာ စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို မြင်ဖူးကြောင်း ပြောကြားသွားကြသည်။

အာဇာနည်မျိုး သေရိုးမရှိ

ကျနော် မြင်တာကို၎င်း၊ တွေ့တာကို၎င်း၊ သိတာကို၎င်း၊ မြင်သူတွေကတဆင့် သေသေချာချာ ကြားတာကြောင့် ပွင့်ပွင့်လင်းလင်း ရေးလိုက်တာပါ။ စကားထောက်၊ စကားကျန်၊ စာကျန်ရင် ပြင်ဖတ်ပေးဖို့နဲ့ မရည်ရွယ်ပဲ ထိခိုက်ရေးသားမိတာတွေပါရှိခဲ့ရင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။

အထူးသဖြင့်၊ ပြည်တွင်းက တိုင်းရင်းသား မြန်မာလူမျိုးအားလုံးကို မေးသင့်သလို၊ ပို၍ ထပ်ပြီးမေးသင့်သည်မှာ ပြည်ပနဲ့ပြည်တွင်း က ဒီမိုကရေစီ ဘက်တော်သားတွေ၊ ခေါင်းဆောင်ကြီးများတွေ၊ လေလှိုင်းတွေပေါ်မှာ မိုးလုံးထွားစွာ ပြောနေသောသူတွေ၊ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုသောသူတွေကော၊ အရင်ကတော့ ဘာဖြစ်တယ် ဘာဖြစ်တယ်ဆိုပြီး အခုတော့ ရ၅% ဘဲ ရတာလေးကိုဘဲယူပြီး ရသလောက် နေရာလေးဝင်ထိုင်ချင် သောသူတွေရယ်၊ ပြည်သူတွေဆန္ဒဘဲ ဆိုပြီး ပြည်သူကို အမြဲတမ်းခေါင်း ပြန်တင်ကာ စကားလှလှလေးသုံးပြီးတော့ ကိုယ်မနာရင်ပြီးရော ဆိုသော ခေါင်းဆောင်ကြီးတွေကို ပြည်သူ တစ်ယောက်အနေနဲ့ပြတ်ပြတ် သားသား မေးရတော့မဲ့အချိန်ကိုရောက်ပါပြီ။

ဘာလို့လည်းဆိုတော့မြန်မာနိုင်ငံပြည်တွင်းတွင် နေထိုင်သော တိုင်းရင်းသားတွေကို မြန်မာတပါတီ အာဏာရှင်စနစ်ကို မကြိုက်လို့၊ ကြိုးနီစနစ် ကိုင် တွယ်တာကို လုံးဝလက်မခံနိုင်ဘူး ဆိုတာရယ်၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း၊ ဥပဒေစိုးမိုးခြင်း။ တို့အခြေခံပြီး ပြည်သူကတင်မြှောက်သော ဖက်ဒရယ် ပြည်ထောင်စုအစိုးရပေါ်ပေါက်ရန် ၁၉၉၀ ပြည့်နှစ်က မဲပေးတင်မြှောက်ပေးထားပြီးပါပြီ၊ ပထမဦး ဆုံးသောပြည်သူတွေ လုပ် ဆောင်ရသောအပိုင်းတာဝန်ကို ကျေပြွန်စွာဆောင်ရွက်ခဲ့ပြီးပါပြီ။ တာဝန် ကျေခဲ့ပြီးပါပြီ။

ဒီမိုကရေစီအစိုးရကို လိုချင်လွန်းလို့ယနေ့ထိ စစ်အစိုးရရဲ့စနစ်တကျ နှိပ်ကွပ်ဖိနှိပ်ခြင်းအောက်မှာ အံကြိတ်ခံရင်းအနှစ် ၂၀ တိတိခံလာရတာတောင်၊ ကျွန်တော်တို့တင်မြှောက်ထားသော ပြည်တွင်းကကိုယ်စားလှယ်တွေ၊ ပြည်ပကကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကဘာလို့ ပြတ်သားသော၊ နောက်ဆက်တွဲကို မရှိနိုင်သော အခင်းအကျင်း၊ တိုက်ပွဲကိုဘာလို့ မလုပ်နိုင်ကြတာလည်း ဆိုတာကိုပါ။ ဘာလို့ပြတ်ပြတ် သားစကားလုံးနဲ့၊ ဘာပြီးရင်ဘာဆက်လုပ်မယ်၊ ဘာမဖြစ်ရင် ဘာလုပ်မယ်၊ ဘယ်လို့ကြေငြာပြီး မလုပ်နိုင်ရတာလည်း၊

ပြည်သူကဘယ်သူကို ခေါင်းဆောင်တင်ပြီး၊ ဘယ်သူ့စကားကို ယုံကြည်ပြီးလိုက်ရမှာလည်း။ ပြောကြပါအုံး။ ပြည်သူက ကန့်ကွက်မဲပေးပြီ ဆိုပါတော့၊ ကျွန်တော်တို့တိုက်ပွဲက ပြီးသွားပြီလား၊ ဘယ်နှစ်နှစ်အတွင်း ဒီမိုကရေစီရမှာလည်း၊ ပြောပါ။ ဒီလိုမေးတာက ပြည်သူအများစုရဲ့ တကယ့်ရင်တွင်းမှာက စစ်အစိုး ရက လုပ်သောဆန္ဒခံယူပွဲကြီးကို လည်းလုံးဝမဖြစ်မြောက်စေချင်သလို၊ အခြေခံဥပဒေကြီးကိုလည်း လုံးဝသဘောမတူဘူး ဆိုတာကိုတော့သိထားပါလို့ ပြောပါရ စေ ...။ ဘာလို့ဒီ ဆန္ဒခံယူပွဲကြီးကို မဖြစ်မြောက်အောင် လုပ်ဆောင်ကြ၊ ကန့်ကွက်ကြ၊ တော်လှန်ကြ ကျွန်တော်တို့အားလုံးလည်း ပြည်သူရှေ့မှာ အခုပြောတဲ့ အချိန်ကစပြီးရှိတယ်၊ ကျွန်တော်တို့ကိုယ်တိုင် ပြတ်ပြတ်သားသား တွန်းလှန်တယ်ဆိုသော အကြမ်းမဖက်သော ပြည်လုံးကျွတ်ဆန္ဒပြပွဲကြီး လုပ်ပြီဆိုတာတောင် မကြေငြာရဲတော့ ဘူးလား။

မြန်မာနိုင်ငံက အနှစ် ၆၀ ကျော်ကြာရှည်လျားဆိုးဝါးလှတဲ့ ပြည်တွင်းစစ်များ အလွန်၊ အကြမ်းဖက်ဝါဒများ ခေတ်စားလာနေတဲ့ ဒီကနေ့ကမ္ဘာမှာ ကျနော်တို့ဘက်က အကြမ်းမဖက် အနုနည်းသက်သက်နဲ့သာ စစ်အာဏာရှင်တွေကို တောက်လျှောက် ဆန့်ကျင်လာခဲ့တာပါ။ ဘယ်နှစ်ခါကများ စစ်တပ် ကတိ တည်တာကို ရှိခဲ့ဘူးလည်း၊ ပြောရင်ပြောသလို၊ ဂတိက၀တ်ကိုကျေတယ်ဆိုတာ ဘယ်မှာရှိသလည်း၊ သူတို့ကိုယ်တိုင် ရေးပြီး၊ ပြည်သူကို လိုက်လံချပြ စည်းရုံးရေး ခဲ့သော မြန်မာ့ဆိုရှယ်လစ် အခြေခံဥပဒေကြီးကိုတောင်၊ စာအုပ်ထဲကတခြား၊ အပြင်လက်တွေ့က တခြားလုပ်ဆောင်ခဲ့ကြတာ၊ ပြည်သူကို ဘာကိုမက်လုံးတွေ၊ မဟာနိုင်ငံရေးအဘိဓါန် တွေပြောပြီး၊ ဘာလို့ဒုက္ခ ခဏခဏပေးချင်ရတာလည်း ဆိုတာကိုလည်း သတိပြုကြပါအုံးခင်ဗျား။

အားလုံးလဲ ပြတ်ပြတ်သားသား မေးရတော့မယ့် အခြေအနေအချိန်အခါ ကျရောက်နေပြီဖြစ်လို့ပါ။ မပြတ်သားရင်တော့ ကျနော်တို့မပြီးနိုင်သော ပန်းချီကားကြီးကို ရေးဆွဲသွားကြရတော့မှာဖြစ်ပြီး ပြည်သူတွေကြားထဲ ယခုထက်ပိုဆိုးဝါးတဲ့ အထွေထွေကြပ်တည်းမှုတွေ၊ ဆုံးရှုံးမှုတွေ၊ အကျင့်ပျက် လုယက် တိုက်ခိုက်မှုတွေနဲ့ ဖြေရှင်းမနိုင်အောင် ဆက်လက်ပြီး ရင်ဆိုင်သွားကြရတော့မယ်ဆိုတာ မြေကြီး လက်ခတ် မလွဲပါဘူး။

ဒီလာမယ့် ဆန္ဒမဲပေးပွဲဟာ ဘယ်လိုရလဒ်တွေပဲထွက်ထွက် အများပြည်သူအဆင့်ထိ ပြန့်နှံ့သွားပြီဖြစ်တဲ့ တရားလက်လွတ် ဓါးမိုးအုပ်ချုပ်မှုနဲ့ အနိုင် ကျင့်စော်ကားမှု အဓမ္မစရိုက်တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေဆီ ဦးတည်နေပြီဖြစ်ပါတယ်။ မနင်းရင်တော့ အနင်းခံရမှာပဲဆိုတဲ့အသိနဲ့ အားထားလုံခြုံရာဥပဒေ အစောင့်အရှောက်ကင်းမဲ့မှုတွေက ပြည်သူကိုချောင်ပိတ် အရိုက်ခံနေရတဲ့ ခွေးတွေပမာ ခံစားလာစေရလိမ့်မှာဖြစ်သလို၊ ဘယ်ကမှ အကာအကွယ်မရနိုင်ရှာတဲ့ အဲဒီပြည်သူတွေရဲ့ဘဝက စစ်အာဏာရှင်တစုနဲ့ သူတို့ရဲ့နောက်လိုက်တွေ ပြုသမျှနုရတော့မယ့်အခြေကို လုံးလုံးလျားလျား ဆိုက်ရောက်သွားတော့မှာပါ။ လက်ရှိ အင်အယ်ဒီအဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို အနိုင်ကျင့်ရိုက်နှက်ပြပြီးတော့ ပေးနေတဲ့သတိကိုက ပြည်သူတွေနင်းမှာလား အနင်းခံမှာလား ဆိုတာ ပါ။

တကယ်တမ်းတော့ အများပြည်သူမလိုလားတဲ့ နအဖဘက်က သူ့ဖွဲ့စည်းပုံအဆင့်ဆင့်နဲ့ စနစ်တကျ သူဖြစ်ချင်တာ သူလုပ်ယူ ဖန်တီးသွားနေခဲ့တာ အရာရာအောင်မြင် ပြီးမြောက်လုပြီဖြစ်ပါတယ်။ တရားတယ် မတရားဘူးဆိုတာထက် အနိုင်အရှုံး အဖြေကရလဒ်ကို ဦးဆောင်သွားတော့မယ့် အချိန်မှာ ဘယ်သူမှ ဘာမှမတတ် နိုင်ကြတော့တာဟာ အမြင်အားဖြင့်ကို ရှုံးနေပါပြီ။

အဲဒီအဖြေထွက်တဲ့အထိ စောင့်ကြည့်မနေသင့်တော့တဲ့ အချိန်မှာ နိုင်ငံရေးအခင်းအကျင်းတွေ၊ သုံးသပ်ချက်အလှည့်အပြောင်းတွေ၊ သံတမန်ရေးရာ နည်းလမ်းတွေ၊ ဒေသတွင်းပါဝင်ပတ်သက်မှုတွေ၊ နိုင်ငံတကာ စာနာမှုတွေ အားလုံးကို ခေတ္တခဏဘေးဖယ်ထားပြီး ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးကို ကိုယ်တိုင်ကိုယ်ကျပါဝင်ဖို့ လိုပါတယ်။

ကန့်ကွက်မဲဝင်ထည့်ပြန်ရင်လဲ နအဖရဲ့လုပ်ရပ်ကို အသိအမှတ်ပြုပြီးသားဖြစ်သွားမယ်။ မဲမပေးပဲ နေမယ်ဆိုရင်လဲ ရသမျှနဲ့ အနိုင်ပိုင်းသွားတာခံရ မယ်။ ရှုံးရှုံးနိုင်နိုင် နအဖဘက်က အုပ်စုဗိုလ်အနေနဲ့ အသာစီးက ဆက်ကစားလို့ ရသွားတော့မယ့် အခြေအနေမှာ၊ ဒီပွဲက ကန့်ကွက်တာမဲများခဲ့ရင် အခြေခံဥပဒေ အတည်မဖြစ်နိုင်တော့တဲ့အတွက် အမျိုးသားညီလာခံကို ပျော်ပျော်ကြီးပဲပြန်လည်စတင် ကျင်းပသွားဦးမှာဖြစ်ပြီး မဲဝိုင်းထည့်တဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုတို့ အရ အဲဒီညီလာခံကို သပိတ်မှောက်ထားတဲ့ အင်အယ်ဒီအနေနဲ့ နအဖစိတ်ကြိုက် ခင်းကျင်းထားတဲ့ အမျိုးသားညီလာခံအခြေပြု အနာဂတ်နိုင်ငံရေးလမ်းစဉ်မှာ လမ်းဘေးကို ရောက်သွားရပါလိမ့်မယ်။ ဒါက တချက်ခုတ်နှစ်ချက်ပြတ် အင်အယ်ဒီကို မြောင်းထဲပို့နေတာပါ။

ကလိမ်ကကျစ်ကျပြီး ထောက်ခံမဲတွေအရ လမ်းညွှန်မြေပုံခုနှစ်ဆင့်အတိုင်း နောက်နှစ်နှစ်အကြာမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ဝှဲချီးကျင်းပ ခွင့်ရသွားလိုက်ပြီဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကား နအဖများဘက်က လက်ခမောင်းခတ်ကြတော့ဖို့ပါပဲ။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်က လုံးဝဥဿုံပျက်ပြယ်ပြီး ကြံ့ဖွံ့က နအဖလိုလားတဲ့ ဦးဆောင်ပါတီကြီး တခုအဖြစ်နဲ့ အမျိုးသားညီလာခံကတ ဆင့် အဲဒီအခြေခံဥပဒေ လူလားမြောက်အောင် နအဖနဲ့ အတူလက်တွဲ ဝိုင်းကူဆွဲပေးခဲ့တဲ့ တစညအပါအဝင် တိုင်းရင်းသားပါတီတွေ ခြံရံထွက်လာပြီးတော့ တကြော့ပြန် လက်ရှိ ချန်ပီယံ အင်အယ်ဒီနဲ့ အားစမ်းပွဲလုပ်မလား။

အဲဒီ လမ်းညွှန်မြေပုံခုနှစ်ချက်အရပဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ အခင်းအကျင်းက လှသွားလိုက်တော့ ရှေ့ဆက်တိုင်းပြည်ရဲ့ အနာဂတ်က အင်ဒိုနီးရှားနဲ့ မြောက်ကိုရီးယား အမွှာပူးကလေးဖြစ်လာမယ်။ လိင်ဖျော်ဖြေရေးအလုပ်သမတွေ အပါအဝင် လူသားအရင်းအမြစ်တွေ အမြောက်အမြားထုတ်လုပ် ပေးလာမယ့် နိုင်ငံတခုကို အိမ်နီချင်းနိုင်ငံတွေက ဝမ်းသာအားရ လက်ကမ်းကြိုဆိုနေကြမှာပါ။

စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်လိုသူတိုင်းနဲ့ လွတ်မြောက်စေလိုသူတိုင်း ငါလုပ်မှ၊ ငါပြောမှ၊ ငါကြံခါမှဟုတ်မှန်အောင်မြင်ရမယ် ဆိုတဲ့ အထွေထွေအတ္တတွေထဲက လွန်မြောက်နိုင်ဖို့ အရေးကြီးလိမ့်မယ်ထင်ပါတယ်။ နောက်ပြီး ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုပေမယ့် အခြားတဖက်မှာ တော့ ဦးတည်ရာညွှန်ရပ်တွေက တကွဲတပြားဖြစ်နေတာကို တွေ့ရလိမ့်မယ်။ ဘယ်ကိုတွန်းမှာလဲ၊ ဘယ်အထိရောက်အောင် တွန်းရမှာလဲဆိုတာ ဥပဒေကဲ့သို့ အာ ဏာတည်သော အမိန့်မျိုးမဟုတ်တဲ့အတွက်ကြောင့် ရွေ့ချင်ရွေ့ ရွေ့ချင်မှလဲရွေ့ ဘယ်တော့မှလဲမရွေ့နဲ့ပဲ တော်လှန်ရေးတိုက်ပွဲအစား ပရိုပိုဆယ်လိုက်ပွဲကလေး နဲ့ ကျေနပ်သွားကြတော့မလား။

နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရမှုများစွာတွေက ဖေါ်ကျူးစာဖွဲ့ မကုန်နိုင်အောင်ပါပဲ။ အသိအမှတ်ပြုခံလိုခြင်းဆိုတာ သာမန်လူသားတိုင်းရဲ့ ကိုယ်စီ အတ္တလို့ဆိုပေမယ့် အများအကျိုးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းရပ်တွေမှာတော့ လူလားမမြောက်သေးတဲ့ ကလေးကလားဆန်ဆန် ခံယူချက်မျိုးလို့လဲ စိတ်ပညာရှု ထောင့်က အဓိပ္ပယ်တမျိုး ဖွင့်ဆိုပြန်တာမို့ ဘုရားရှင်နဲ့ အရိယာသူတော်စင်များမှလွဲရင် ဗိုလ်ချုပ်အောင်ဆန်းတို့လို အာဇာနည်မျိုးတွေမှာသာ အဲဒီအတ္တက ကင်း လွတ်နိုင်ကြတာပါ။ အဲဒီ ပုဂ္ဂိုလ်မျိုးတွေဟာ ခေတ်သမိုင်းအဆက်ဆက် ဘယ်တော့မှလဲ သတ်၍မသေတဲ့ လူစွမ်းကောင်းများ ဖြစ်ကြပါတယ်။

ကျွန်တော်တို့ခတိုင်းရင်းသားပြည်သူတွေ ယုံကြည်တာကတော့ အကျယ်ချုပ် ကျထားသောဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ထောင်ထဲ ရောက်နေ သော ဦးဝင်းတင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေသာလျှင် ပြည်သုကိုပြတ်သားသောစကား၊ ဘာလုပ်တော့၊ ဘာလုပ်ရမယ်ဆိုတာကို ပြောရဲလုပ်ရဲသောသူတွေ ဖြစ်ပြီး၊ ပြည်သူတွေနဲ့တသားတည်း ရှေ့ကနေဦးဆောင် သူုတွေဆိုတာတွေပါဘဲ။ သူတို့ကသာ အပြောနဲ့အလုပ်ကို တထပ်တည်း ကျ အောင်လုပ်ခဲ့သော၊ လုပ်သွားသော၊ နောင်လည်း ဆက်လုပ်မယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒါကြောင့်လည်း စစ်အစိုးရကသူတို့ကို ထိန်းသိမ်းထားတာက ပြန်မလွတ်တာပါ၊

သို့ပေမဲ့ ကျွန်တော်တို့ရဲ့ အထဲကိုရောက်သော၊ အထိန်းသိမ်းခံရသော၊ အကျယ်ချုပ်ကြခံရသော သူတွေမသိခဲ့သောအချက်က သူတို့လောက် တောင် ကျန်သုတွေက ပြည်တွင်းမှာရော၊ ပြည်ပမှာ မလုပ်ရဲ မပြတ်သားရဲကြရတာရယ်၊ ပြည်သူကိုဦးဆောင်နိုင်မှု မပေးနိုင်ဘူးဆိုတာကို အနှစ် ၂၀ ထိထိ သေ သေချာချာ သဲသဲကွဲကွဲ မသိရသေးလို ဆိုတာကိုကျွန်တော်တို့ပြည်သူတွေဝမ်းနည်းစွာ ယခုတွေ့ကြရတာပါ။

အခုက ပြည်တွင်းကရော၊ ပြည်ပကဆရာတွေကကော လုပ်နေသော အလုပ်ကိုမြင်သည်မှာတော တိုက်ပွဲဝင်မည် ဟုအော်ရင်း။ လိုက်ပွဲများပါ ၀ိုင်း ပြင်နေတာကို တွေ့မြင်နေရတာကလည်း မြင်တွေ့ရပါတယ်။

တကယ်တန်း ဖြစ်သင့်တာကတော့ အာဇာနည်မျိုး သေရိုးမရှိ လို့ဆိုပါတယ်။

တိုက်ပွဲကိုပြတ်ပြတ်သားသား ဝင်မှာလား။ ဒါမှမဟုတ်ရင် လိုက်ပွဲတွေကို ၀ိုင်းပြီးတော့ ပြင်မှာလား။

စိုင်းမွန်၊

ရက်စွဲ ၊ ၉ရက် ဧပြီလ ၂၀၀၈