ပြတ်သားကြပါစို့ ။

တိုင်းရင်းသား မြန်မာလူမျိုး အားလုံးကိုလည်းမေးသင့်သလို၊ ပြည်တွင်း၊ ပြည်ပဒီမိုကရေစီ ဘက်တော်သား အားလုံး ပြတ်သားရတော့မယ်။
မပြတ်သားရင်တော့၊ ကျွန်တော်တို့ မပြီးဆုံးသောပန်းချီးကားကြီးကို ရေးဆွဲရတော့မည်ဆိုသလို၊ ယခုထက်ပို၍ ဆိုးသော ကြပ်တည်းမှု တွေ၊ ဆုံးရှုံးမှုတွေ၊ အကျင့်ပျက်မှုတွေနဲ့ရင်ဆိုင်ကာ ဆက်လက်ဖြေရှင်းရမယ်ဆိုတာ သေချာတဲ့အပြင်၊ ပြည်တွင်းစစ်ကြီးသည် လွန်ခဲ့သောအနှစ် ၆၀ ကျော်ထက် ပို၍ဆိုးဝါးသည့်၊ အကြမ်းဖက် ၀ါဒများပါ ၀င်ရောက်လာမည်ကို သေချာစွာ ပြောနိုင်လောက်ပေသည်။

တွေ့မြင်ရသော အခြေအနေ၊ နိုင်ငံတကာသံတွေရဲ့အနေအထား၊ ပတ်ဝန်းကျင်နိုင်ငံနဲ့ ဒေသနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်၊ ရန်သူရဲ့ တစိုက်မတ်မတ် သူတို့ရဲ့လမ်းကို ရအောင်လျှောက်လှမ်းရန် တရားတယ်၊ မတရားတယ် ဆိုတာတွေ ဘေးဖယ်ထားပြီး၊ ရအောင်၊ ပိုင်အောင်လုပ်နေခြင်း၊ မရပ်တန့်သွားရန် လုပ်ဆောင်ထားသော အရေးကြီးယန္တရား အခြေခံတွေကိုပြောဖို့ လိုပြီဟုထင်ပါသည်။

အဓိက အနည်းဆုံးလုပ်ရပ်ကတော့ ဆန္ဒခံယူပွဲသည် န၀တ၏ ပမာဏ နိုင်ငံရေးပါတီများကို ပါဝါချခြင်းပါဘဲ၊ NLD ကနေ တစညအဆုံး ဖြစ်ပါသည်။

ဆန္ဒခံယူပွဲကို အောင်မြင်အောင်ကျင်းပပြီးပါက၊ န၀တတွင် ဆန္ဒခံယူပွဲမှရသော အခြေခံဥပဒေကို၊ မထောက်ခံ၊ ကန့်ကွက်မဲများသော၊ ဘာကို ဆက် လုပ်မည်နည်း။

န၀တမှ တွေ့ဆုံဆွေးနွေးရေးကို တကျော့ပြန်လာအုံးမည်မဟုတ်ပါ၊ ဆန္ဒခံယူပွဲကို အောင်မြင်အောင်ကျင်းပ လိုက်နိုင်သောကြောင့် ၁၉၉၀ ပြည့်ရွေး ကောက်ပွဲကို ပယ်ဖျက်ကျုဖျက်လိုက်မည့်အပြင်၊ အမျိုးသားဒီမိုကရေစီနှင့် ပြည်သူ့ကိုယ်စားလှယ်များ ရရှိသောပါတီများ၏ နိုင်ငံရေးပါဝါသည် အလိုလျှောက်ပြုတ် ကျသွားသလို န၀တမှာ ပြန်လည်ပြုပြင်မည့် ဥပဒေ (ဘယ်ဖက်၊ ညာဖက်အိပ်ပြောင်း ဥပဒေ ပြန်ထွက်လာကာ) တွင်ဝင်ရောက် ပူးပေါင်းဆောင်ရွက်ယုံမှလွဲ၍ မည်သို့မှ ပြောလို့မရအောင် တရားသည်၊ မတရားသည်ကို မမှုဘဲနည်းမျိုးစုံဖြင့် ကျယ်လောင်စွာ ပြောဆိုသောပါတီသော်၎င်း၊ ပြည်သူသော်၎င်း တံမြက်စည်း လှဲသလို လုပ်ဆောင်ကာ၊ မထူးခြားနားသော ထိုဥပဒေကိုပင်ဆန္ဒခံယူပွဲ ကိုကျင်းပအုံးမည်ဖြစ်ပါသည်။

ထို့အပြင် န၀တအနေနဲ့အနည်းဆုံး အခြေခံဥပဒေတွင် စစ်တပ်သည် ပါကိုပါရမယ်ဆိုတာကို လက်ခံပေးရမယ်ဆိုတာ ယူထားသောကြောင့် (အဓိက နေရာများကို ပေးကိုကိုင်ရမည် ဆိုတာထက် ဆုံးဖြတ်ခွင့် ဆိုသောနေရာကိုလည်း မဖြစ်မနေ လက်ခံပေးရမည်ဆိုတာကို အရင်ဆုံးအနိုင်ပိုင်း စည်းယူ ထားလိုက် တာပါ)

ဘာကိုကျွန်တော်တို့က ဇာတ်လမ်းရှည်ခြင်းကို လိုက်ကနေရမှာလည်း ဆိုတာကိုမေးပါရစေ။ န၀တမှာ ရွေးချယ်တင်မြှောက်ထားသော အစိုးရမဟုတ် တော့ သူတို့ဘယ်လိုကြမ်းတယ်၊ ဘယ်လိုလုပ်လုပ် တရားတယ် မတရားတယ် ဆိုတာကိုအခြေခံပြီးကိုယ်က ပြောနေစရာကိုမလိုတော့ဘူး၊ မတရားမှုတွေ အားလုံး အလွန်ထိတ်လန့်ဖွယ်ရာ လုပ်ရပ်တွေ ဖြစ်ကိုဖြစ်မှာ၊ ရှိနေသည်မှာ သေချာပါသည်။

မြန်မာနိုင်ငံတွင်၊ ဒီမိုကရေစီစံနစ်နှင့် အစိုးရပေါ်ပေါက်ရန်၊ ကျင့်ကြံသုံးစွဲနိုင်ရန်၊ ပထမဆုံးလုပ်ရမည့် အလုပ်မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကိုချုပ်ငြိမ်းဖို့ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခုအချိန်တွင် သမိုင်း၏တောင်းဆိုမှုကြောင့်၊ တိုင်းရင်းသား ပြည်သူအားလုံးသည် မဖြစ်မနေတစ်ဦးချင်းစီကိုယ် ကျင့်တရား၊ တာဝန်ယူလိုမှု၊ တာဝန် ကျေပြွန်ဖို့သည် လက်တွေ့အဓိကကျသော တာဝန်များဖြစ်သည်အပြင် အားလုံး ပေါ်ပေါ်ကြွယ်ကြွယ် သူံးနုန်းပြောနေကြသော ကျနော်တို့ရဲ့ အနာဂတ် မျိုးဆက်များအတွက် လုပ်ဆောင် ခြင်းကိုဖြစ်ပေမည်။ အားလုံး အဆင်သင့်ဖြစ်နေပြီလားဟု မေးမည်အစား၊ အားလုံး တိုက်ပွဲအတွင်းကို ပြတ်ပြတ် သားသား အားလုံး၏ သွေးကိုပေးကာ၊ အာဏာရှင် စစ်အ စိုးရ၊ မြန်မာမြေ ပေါ်မှာ လုံးလုံးလျှားလျှား ပျောက်ကွယ်သွားရန် လုပ်ကြရတော့မည်ဟုသာ ပြောရ တော့ မည်ဟု ထပ်မံ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

စိုင်းမွန်